ဒဏ်ရာရကစားသမားတွေရဲ့ အခြေနေနဲ့ ပက်သက်ပြီး ပရိသတ်တွေကို သတင်းကောင်းပေးလိုက်တဲ့ တန်ဟဂ်
မန်ယူနိုက်တဒ်အသင်းအတွက် နိုင်ငံတကာပွဲစဉ်တွေမစတင်ခင် အရေးကြီးပွဲအဖြစ် ဖူလ်ဟမ်အသင်းကို FAကွာတားဖိုင်နယ်အဖြစ် အိမ်ကွင်းအိုးထရဒ့်ဖိုဒ့် မှာ လက်ခံယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။
ဒီရာသီ သုံးခုမြောက်ကွာတားဖိုင်နယ်ကို ယူရိုပါလိဂ်မှာတက်ရောက်ခဲ့ပြီးနောက် FA ဖလားကွာတားဖိုင်နယ်အဆင့်ကိုဖူလ်ဟမ်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ လက်ကျန် ဆုဖလား (၃)လုံးမှာ (၂)ခုအတွက် အခြေအနေကောင်းနေတဲ့ ယူနိုက်တဒ် အနေနဲ့ ဒီပွဲကို မဖြစ်မနေအနိုင်ကစားရန် အရေးကြီးနေပါတယ်။
ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဘက်တစ် နဲ့ ပွဲမှာ ကစားသမားတချို့ကို ခပ်စောစောအနားပေးခဲ့ပြီး စပိန်ကနေ ပွဲပြီးဆုံးတာနဲ့ပြန်ထွက်လာခဲ့တဲ့ တန်ဟဂ် က အသင်းရဲ့ ဒဏ်ရာရလူစာရင်းကိုဂရုတစိုက်ကိုင်တွယ်လျက်ရှိပြီးသတင််းကောင်း အနေနဲ့ အဲရခ်ဆင် ဟာ မကြာခင် ပြန်လည်ကစားနိုင်တော့မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
တန်ဟဂ် က “အဲရခ်ဆင် ရဲ့ ဒဏ်ရာအခြေအနေက ထင်တာထက်ပိုပြီးတိုးတက်မှုမြန်ဆန်ခဲ့ပါတယ်။သူ့ရဲ့ပြန်လည်ကြံခိုင်မှုက မျှော်မှန်းတာထက် သိသာစွာ တိုးတက်လာခဲ့သလို လက်ရှိအချိန်မှာ
လေ့ကျင့်ခန်းတချို့ကိုတောင်ပြုလုပ်လာနိုင်ပြီဖြစ်ပါတယ်။ဒါပေမယ့် ဖူလ်ဟမ် နဲ့ ကစားမယ့် ပွဲကိုတော့ သူပါဝင်နိုင်မှာမဟုတ်ပါဘူး။သူ့အနေနဲ့ ဧပြီလအတွင်း ကစားမယ့် ပွဲတွေမှာတော့ ပါဝင်လာပါလိမ့်မယ်။”
ဒဏ်ရာရကစားသမားတွေထဲမှာ အန်သိုနီမာစီရယ် က ပွဲထွက်ကစားဖို့အသင့်မဖြစ်သေးပါဘူးအန်တိုနီရဲ့ အခြေ အနေကလည်း စောင့်ကြည့်နေရဆဲ ဖြစ်ပြီး ပွဲထွက်လူစာရင်းမရွေးချယ်ခင် အချိန်ထိ သူ့ရဲ့တိုးတက်မှုကို စောင့်ကြည့်သွားမှာပါ၊ကျန်ကစားသမားတွေအားလုံးကတော့ ပွဲအတွက်အသင့်ရှိနေပါတယ်”လို့ အသိပေးခဲ့ပါတယ်။
အန်တိုနီ က မန်ချက်စတာမှာပြုလုပ်တဲ့ ခရစ်ဘရောင်း ရဲ့ ရှိုးပွဲကို အသင်းဖော်တွေ နဲ့ အတူတက်ရောက်အားပေးခဲ့ပေမယ့် စပိန်ကို မထွက်ခွာခင်မှာဖျားနေခဲ့လို့ ချန်ရစ်ခဲ့တာလို့သိရပါတယ်။မာစီရယ် ကိုတော့ ကြံခိုင်မှုအပြည့်ပြန်ရမှာသာ အသုံးပြုဖွယ်ရှိပြီး လာမယ့် နိုင်ငံတကာနားရက်ကို ကြံခိုင်မှုတိုးစေဖို့ ဆောင်ရွက်သွားဖွယ်ရှိပါတယ်။
အဲရခ်ဆင် ရဲ့ ဒဏ်ရာသတင်းက အသင်းအတွက်သာမက တန်ဟဂ် အတွက်လည်း သတင်းကောင်းဖြစ်ပြီး ရာသီဝက်ကာလမှာ စွန့်လွှတ်ထားရတဲ့ ပိုင်ဆိုင်မှုအသာစီးရယူပြီး ကစားတဲ့ ဗျူဟာကို
ပြန်လည်ခင်းကျင်းဖို့ အခွင့်အရေး ဖြစ်လာပါလိမ့်မယ်။ဒိန်းမတ်သားက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပေမယ့် ဒီရာသီ ပြိုင်ပွဲစုံ(၉)ဂိုးဖန်တီးပေးထားပြီး တန်ဖိုးအရှိဆုံး ခေါ်ယူမှုအဖြစ် သတ်မှတ်ခံထားရပါတယ်။