Manu sports

ယူနိက်တက် နည်းပြ တန်ဟက်ဂ် ရဲ့ စကားကို လက်ခံနိုင်စရာမရှိဘူးလို့ တုန့်ပြန်လိုက်တဲ့ အာတီတာ

ယူနိက်တက် နည်းပြ တန်ဟက်ဂ် ရဲ့ စကားကို လက်ခံနိုင်စရာမရှိဘူးလို့ တုန့်ပြန်လိုက်တဲ့ အာတီတာ

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အဲရစ်တန်ဟက် က ဘက်တစ် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ သူတို့ အသင်းဟာ ဒီရာသီတွင် လူစုံတက်စုံ နဲ့ ကစားရတဲ့ပွဲ တစ်ပွဲ ပဲ ရှိခဲ့ပြီး အာဆင်နယ် ကတော့ အမြဲတမ်း ကစားသမား အစုံအလင် နဲ့ ကစားနေရကြောင်း နှိုင်းယှဉ် ပြောကြား ခဲ့ပါတယ်။

ခင်ဗျားတို့လည်းသိကြ မြင်ကြမှာပါ ၊ ကျနော်တို့ အသင်းက ဒီရာသီမှာ တောက်လျှောက် အခက်အခဲပြဿနာတွေ နဲ့ ကြုံနေရတဲ့ အသင်းပါ ၊ အဲ့ဒီ ပြဿနာတွေကို ကျနော်တို့ အချိန်တိုင်း ရင်ဆိုင် ဖြေရှင်း နေခဲ့ရတာပါ ။ ကစားဖို့ အဆင်သင့် ဖြစ်တဲ့ ကစားသမားတွေ နဲ့ပဲ ဒါတွေကို ကျော်ဖြတ် ခဲ့ရတာပါ ။

ကျနော်တို့ လူစာရင်း အစုံအလင် နဲ့ ကစားခဲ့ရတဲ့ ပွဲက အားလုံး စုစုပေါင်းမှ တစ်ပွဲပဲ ရှိပါတယ် ။ ကျနော် သွားချင်တဲ့နည်းစနစ်ပိုင်း ဆိုင်ရာ အတိုင်း အလုံးစုံ ချဉ်းကပ် သွားနိုင်ခဲ့တဲ့ ပွဲက အိမ်ကွင်း မှာ ကစားခဲ့ရတဲ့ မန်ချက်စတာ စီးတီး အသင်း နဲ့ ပွဲပဲ ရှိခဲ့ပါတယ် ။ ”

တခြားအချိန်တွေမှာ ကျနော်တို့ အသင်းက ကစားသမား တစ်ဦး မဟုတ် တစ်ဦး ဒဏ်ရာရရင်ရ ၊ ဒဏ်ရာ မရရင် ပွဲပယ် ၊ ဒါမှမဟုတ် နေမကောင်းတာကြောင့် ပွဲမကစားနိုင် ဖြစ်နေခဲ့တာပါ ၊ လူစုံတယ်လို့ မရှိခဲ့ပါဘူး ။ ကျနော်တို့ ဒီအခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ် ခဲ့ရတာပါ ၊ ဒါပေမယ့်အာဆင်နယ်ဆို သူတို့ရဲ့လူစာရင်း က အမြဲတမ်း အစုံအလင်ပါပဲ ။ ” လို့ ပြောကြား ခဲ့တာပါ

အာဆင်နယ် အသင်း နည်းပြ အာတီတာ ကတော့ တန်ဟက်ရဲ့ ပြောကြားမှုကို လက်မခံကြောင်း တုန့်ပြန်လိုက်ပြီး သူတို့ အသင်းဟာလည်း တစ်ရာသီလုံး ဒဏ်ရာ ပြဿနာတွေ ကြုံနေရတဲ့ အသင်း ဖြစ်တယ်လို့ စပို့တင်း နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြား သွားခဲ့ပါတယ် ။

ကျနော်တို့အသင်းက ဒီတစ်ရာသီလုံး ဒဏ်ရာ ပြဿနာတွေ နဲ့ရင်ဆိုင်နေရတာပါပဲ ။ စမစ်ရို ဆို ဒဏ်ရာကြောင့် လေးလလောက်မကစား နိုင်ခဲ့ပါဘူး ၊ ဂျေးဇုလည်း လေးလလောက် နားနေ ခဲ့ရတာပါပဲ ၊ ဇင်ချန်ကို ဆိုလည်း နှစ်လခွဲလောက် နားနေ ခဲ့ရတာပါ ။ ”

ပါတေး နားနေ ခဲ့ရတဲ့ အချိန်ဆို တစ်လ ခွဲလောက် ရှိပါမယ် ၊ အက်ဒီ လည်း တစ်လခွဲလောက် အသင်းအတွက် မကစား ပေးနိုင်ပါဘူး ။ ကျနော်တို့ ဒဏ်ရာ ပြဿနာတွေ အများကြီး ကြုံခဲ့ရတာပါ ၊ ဒါပေမယ့် ကျနော်တို့ ရင်ဆိုင် ကျော်ဖြတ် ခဲ့ရတာပါပဲ ။ ” လို့ တုန့်ပြန် ပြောကြား သွားခဲ့ပါတယ် ။