Breaking News!!!
လာမယ့်နာရီပိုင်းအတွင်းမှာပဲ ယူနိုက်တက်အသင်း ပိုင်ရှင်သစ်ကြေငြာဖွယ်ရှိနေတယ်လို့ Sky Sports ဖော်ပြ
မန်ယူနိုက်တဒ်အသင်း နဲ့ ကာတာ ကိုယ်စားလှယ်အဖွဲ့တွေ ရဲ့ဆယ်နာရီကြာ တွေ့ဆုံဆွေးနွေးမှုအပြီးမှာတော့ အသင်းကို လက်ဝယ်ပိုင်ဆိုင်နိုင်ရေးအတွက် ပေါက်ဈေးထက်ပိုပေးရရင်လည်း ပေးချေသွားဖို့အသင့်ရှိတယ်လို့ Sky Sports က ဖော်ပြလာပါတယ်။
ယနေ့ SJR ကိုယ်တိုင်ဦးဆောင်တဲ့ INEOS အဖွဲ့ဟာ အိုးထရဒ့်ဖိုဒ့် နဲ့ ကာရင်တန် ကို လာရောက်ခဲ့တဲ့နောက် ကာတာကိုယ်စားလှယ်အဖွဲ့က အဆိုပါသတင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိကမ်းလှမ်းထားတဲ့ ပေါင်(၄.၉)ဘီလျံ ထက်ပိုမိုမြင့်မားတဲ့ ကမ်းလှမ်းမှုအဖြစ် ဂလေဇာတောင်းဆိုထားတဲ့ ပေါင်(၆)ဘီလျံ အထိ ပေးချေသွားရန် အသင့် ရှိနေတယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ကာတာကိုယ်စားလှယ်အဖွဲ့ဟာအသင်းကို ဝယ်ယူဖို့ဦးတည်ဖွဲ့စည်းထားတဲ့ 9-2 အဖွဲ့စည်းရဲ့ ဥက္ကဌဖြစ်သူအပြင် ရှိခ့်ယာဆင်း ရဲ့ အကြီးတန်းအကြံပေး နဲ့အတူ Bank Of America ရဲ့ ထိပ်တန်းတာဝန်ရှိသူတွေ ဦးဆောင်ပြီး မန်ယူနိုက်တဒ်ကို ဝယ်ယူဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲက တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ကြာသပတေးနေ့က တရားဝင်တွေ့ဆုံမှုအပြီးမှာတော့ ရှိခ့်ယာဆင်း က ယူနိုက်တဒ် ကို အပြီးသတ်ဝယ်ယူရန်စိတ်ပိုင်းဖြတ်ပြီးဖြစ်တာကြောင့် ဂလေဇာ အနေနဲ့ ခေါင်းမာနေခဲ့ရင် ပေါင်(၆)ဘီလျံ ပေးချေရန် အသင့်ရှိကြောင်း ကိုယ်စားလှယ်တွေကတဆင့် အသိပေးခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့နွေမှာ ချဲလ်ဆီးအသင်းဟာ ပေါင်(၄.၆)ဘီလျံ နဲ့ ရောင်းချခဲ့တာကြောင့် ဂလေဇာ က မန်ယူနိုက်တဒ် ဟာ အဆိုပါတန်ကြေး ရဲ့ နှစ်ဆဝန်းကျင် ထိုက်တန်ကြောင်း သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။
ကာတာသာ မန်ယူနိုက်တဒ်ကို ပေါင်(၆)ဘီလျံ နဲ့ ဝယ်ယူပြီးရင် ဂလေဇာကြောင့်အသင်းမှာ တင်ရှိနေတဲ့ အကြွေး ပေါင်သန်း(၅၀၀)ကျော်ကို ပထမဦးဆုံး ရှင်းလင်းမှာဖြစ်ပြီး အိုးထရဒ့်ဖိုဒ့် ပြန်လည်တည်ဆောက်ရေး၊ကာရင်တန်လေ့ကျင့်ရေးကိုအကြီးစားပြန်လည်မြှင့်တင်ရေးနဲ့လူငယ် +အမျိုးသမီးအသင်းအတွက် ကွင်းသစ် တည်ဆောက်ရေးတို့အတွက် ပေါင်(၂)ဘီလျံအထိ ထပ်မံသုံးစွဲရန် လျာထားပါသေးတယ်။
အဲရခ်တန်ဟဂ် ကို အပြည့်အဝထောက်ပံ့ပေးသွားမှာဖြစ်ပြီး လာမယ့်နွေမှာ အသင်းရဲ့ အပြောင်းရွှေ့အတွက် အဆုံးအစမရှိတဲ့ ငွေကြေးထောက်ပံ့မှုကိုပြုလုပ်ပေးမှာဖြစ်ပြီးFFPကိုရှောင်လွှဲနိုင်ရန်အတွက်လည်း Qatar Airway အပါဝင် လုပ်ငန်းစုကြီးတွေနဲ့ စပွန်ဆာအသစ်တွေ ထပ်မံချုပ်ဆိုသွားမှာဖြစ်ပါတယ်။
အသင်းရဲ့ဂျာစီစပွန်ဆာဖြစ်တဲ့ Adidas ကလည်း ယူနိုက်တဒ် သာ ကာတာ လက်ထဲရောက်ရှိခဲ့ရင် စံချိန်တင်စပွန်ဆာကြေးနဲ့ (၁၀)နှစ်သက်တမ်းထပ်မံတိုးမြှင့်သွားဖွယ်ရှိတယ်လို့သိရပါတယ်။