Manu sports

ယူနိုက်တက် နည်းပြ တန်ဟက်ဂ် အကြိုက်ဖြစ်လာအုံးမယ့် လူငယ်ကြယ်ပွင့်လေးများ

ယူနိုက်တက် နည်းပြ တန်ဟက်ဂ် အကြိုက်ဖြစ်လာအုံးမယ့် လူငယ်ကြယ်ပွင့်လေးများ

အဲရခ်တန်ဟဂ် အတွက် စီနီယာကစားသမားတွေ ပွဲပန်းမှုများပြားလာသလို တဖက်မှာလည်း ဒဏ်ရာနဲ့ပွဲပယ်ပြသနာတွေကြုံတွေ့နေစဉ်မှာပဲကံကောင်းမှုတစ်ခုအနေနဲ့ လူငယ်ကစားသမားတွေ ဟာ အသင်းကြီးမှာ ကာလရှည်ကြာလေ့ကျင့်ရင်းနဲ့ ပွဲကစားနိုင်တဲ့အခြေအနေကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

လက်ရှိအသင်းမှာ ခြေစွမ်းထက်လူငယ်ကစားသမားများစွာ ရှိနေပြီး တန်ဟဂ် က စီနီယာအသင်းမှာ သူ့ရဲ့ကြီးကြပ်မှုအောက်ကနေပဲ လေ့ကျင့်ရေးပြုလုပ်ခိုင်းထားပြီး ယခင်လို U23အသင်း ကို သီးသန့်ခွဲထုတ်စေတာမျိုးထက်

နည်းပြချုပ်ရဲ့ လက်အောက်မှာထားရှိစေပြီး ထိန်းကျောင်းထားပါတယ်။ဒီနည်းလမ်းကြောင့်ပဲလူငယ်တွေဟာ အသင်းကြီးနည်းစနစ် နဲ့ အလျှင်အမြန် အံဝင်ဂွင်ကျ ဖြစ်လာစေပြီး ပွဲထွက်ကစားခွင့်ရဖို့တာဆူနေပြီပဲ ဖြစ်ပါတယ်။

ယူနိုက်တဒ်အတွက် ဒီရာသီမှာ ဂါနာချို က jack pot ဖြစ်ခဲ့ပြီးပြိုင်ဘက်တွေဂရုတစိုက်ထိန်းချုပ်ရတဲ့ ကစားသ မားဖြစ်လာခဲ့ပါတယ်။ဂါနာချိုရဲ့အစောပိုင်းကာလစည်း ကမ်းပိုင်းမသေဝပ်မှုတွေကို

တန်ဟဂ် က အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သလို တစ်ဦးချင်းလေ့ကျင့်ခန်းတွေ နဲ့ အတူ တိုးတက်မှုရှာဖွေပေးနိုင်ခဲ့လို့ လက်ရှိအချိန်မှာ စီနီယာကစားသမားအဆင့်ကိုတောင် ရောက်ရှိနေပြီဖြစ်ပါတယ်။

နောက်ထပ် ထိုးထွက်လာသူကတော့ ဆိုးလ်ရှားလက်ထက်ထဲက ခေါ်ယူထားတဲ့ လူငယ်တောင်ပံကစားသမား ဖာကွန်ဒို ဖြစ်ပါတယ်။ဖာကွန်ဒို ရဲ့ အနာဂတ် က အစောပိုင်းမှာ မရောရာမသေချာပေမယ့် တန်ဟဂ် ရဲ့ နည်းပြမှုအောက်မှာ ဂရုတစိုက်လေ့ကျင့်ပေးခဲ့တဲ့နောက် တိုးတက်မှုတွေများစွာဖြစ်ထွန်းလာတာကို မျက်မြင်တွေ့ထားရပါတယ်။

ဖာကွန်ဒို ဟာ အသင်းရဲ့အနာဂတ်မှာပါဝင်သူဖြစ်ကြောင်း နည်းပြကြီးကဆိုထားပြီး လာမယ့်နွေမှာတော့ ပရီးမီးယားလိဂ်ကလပ်တစ်ခုထံအငှားချကာ ခြေရည်သွေးဖို့ ပြင်ဆင်နေပါတယ်။လူငယ်အသင်းကနေ ညာတောင်ပံခံစစ်က မက်ဂျူယာဒို၊ကွင်းလယ်က ကိုဘီမိုင်နို နဲ့ ဇီဒန်းကဘာ တို့က ဒီရာသီ အခွင့်အရေးရဖို့စောင့်ဆိုင်းနေကြပါသေးတယ်။

အငှားချထားတဲ့ ကစားသမားတွေထဲမှာ အာမက်ဒီယာလို က အထူးခြေစွမ်းပြနေပြီး ဘယ်နောက်ခံလူ ဖာနန်ဒက်စ် နဲ့ ကွင်းလယ်လူ ချာလီဆားဗေ့ဂျ် တို့ကလည်း အကောင်းဆုံး ခြေစွမ်းတွေပြသနေကာ လာမယ့်ရာသီမှာအသင်းကြီးထံပြန်ပြီးပူးပေါင်းနိုင်ဖို့ကြိုးစားနေလို့ တန်ဟဂ် ရဲ့ လူငယ်အသင်းကို လာမယ့် (၂)ရာသီအတွင်းသွေးသစ်လောင်းပြီး တွေ့မြင်ရဖို့ရှိပါတယ်။