ယူနိုက်တက်အသင်း မှာ သက်တော်ရှည် နည်းပြကြီး ဖြစ်လာတော့မယ့် တန်ဟက်ဂ်
ပိုင်ရှင်အပြောင်းလဲနဲ့အတူ ဂယက်တွေဖြစ်နေတဲ့ မန်ယူနိုက်တဒ် ဟာ နည်းပြကြီး အဲရခ်တန်ဟဂ် ကို ဥရောပထိပ်သီးအသင်းတွေက ကြားကားဆွဲသွားမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။
မန်ယူနိုက်တဒ် ရဲ့ တာဝန်ရှိသူတွေက ပိုင်ရှင်သစ်ဖြစ်လာနိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ လက်ရှိနည်းပြ တန်ဟဂ် ကို ထောက်ခံမှုပေးဖို့ စည်းရုံးခဲ့ပြီး SJR နဲ့ ကာတာ အုပ်စု တွေက ထောက်ခံခဲ့ကြတယ်လို့သိရပါတယ်။
ဒါကြောင့်လည်း ယူနိုက်တဒ်တာဝန်ရှိသူတွေက ပိုင်ရှင်သစ်မည်သူဖြစ်စေကာမူ တန်ဟဂ် ကို စာချူပ်သစ်ချုပ်ရန် ဆွေးနွေးတိုင်ပင်နေကြပြီး ကာလရှည်ကြာ စာချုပ်သစ်ကိုမကြာခင် ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။
တန်ဟဂ် ကို သုံးနှစ်စာချူပ်နဲ့သာခေါ်ယူခဲ့ပေမယ့် ယခုရာသီစွမ်းဆောင်ရည် နဲ့ အသင်းထိန်းချုပ်မှုတွေကြောင့် ပြန်လည်တုံပြန်သောအားဖြင့် မြင့်မားတဲ့လုပ်ခလစာနဲ့အတူ (၆)နှစ်အထိချုပ်ဆိုသွားရန် စီစဉ်နေတာပဲ ဖြစ်ပါတယ်။
တန်ဟဂ် လက်ထက်မှာ အဆင့်(၄)အတွင်းဝင်ရောက်နေပြီး ကာရာဘောင်ချန်ပီယံဖြစ်ကာ UEF နဲ့ FA မှာ ကွာတားအဆင့်ထိ လက်ရှိတက်ရောက်ထားနိုင်ပြီး ဗိုလ်လုပွဲတက်ရောက်ဖို့လည်းအခြေအနေကောင်းတွေ ပိုင်ဆိုင်နေပါသေးတယ်။
ယူနိုက်တဒ် ကို (၆)ရာသီကြာဆုဖလားဝေးကွာနေရာကနေ ဖလားနဲ့နီးစပ်စေခဲ့သလို လူရိုသေရှင်ရိုသေအဆင့်ကစားဟန်ကို တန်ဟဂ်က (၆)လအတွင်း အကောင်ထည်ဖော်နိုင်ခဲ့လို့ပရိတ်သတ်တွေကပါ ကျေနပ်လျက်ရှိပါတယ်။
ယူနိုက်တဒ် အနေနဲ့ တန်ဟဂ် ကို ရီးရဲလ်၊PSG တို့လိုအသင်းကြီးတွေက ချိတ်ဆက်ကာ ခေါ်ယူမှာကိုစိုးရိမ်နေပြီး အထူးသဖြင့် မက်ဒရစ်အသင်းကြီးဟာ တန်ဟဂ် အပေါ် မျက်စိကျလျက်ရှိပါတယ်။
အာဆင်နယ်နည်းပြအာတီတာဟာ လည်း မက်ဒရစ် ရေဒါမှာရှိပေမယ့် တန်ဟဂ် ကို ပီရက်ဇ် က ပိုမိုသဘောကျနေတာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်း မန်ယူနိုက်တဒ်ဖက်က တန်ဟဂ် ကို (၆)နှစ်စာချုပ်သစ်နဲ့အတူ မြင့်မားတဲ့လုပ်ခလစာတွေပါပေးချေပြီး အသင်းရဲ့ လုပ်ပိုင်ခွင့်အာဏာကိုအမြင့်ဆုံးပေးအပ်ဖို့ထိ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေကဆိုပါတယ်။