Manu sports

ကစားသမားလိုအပ်ချက်ကြောင့် ဖူလ်ဟမ် နဲ့ ပွဲမှာ အပြောင်းလဲလုပ်ရတော့မယ့် ယူနိုက်တက်အသင်း(ပွဲကြိုသုံးသပ်ချက်)

ကစားသမားလိုအပ်ချက်ကြောင့် ဖူလ်ဟမ် နဲ့ ပွဲမှာ အပြောင်းလဲလုပ်ရတော့မယ့် ယူနိုက်တက်အသင်း(ပွဲကြိုသုံးသပ်ချက်)

ဘက်တစ်ကိုအနိုင်ရပြီး UEL မှာ ကွာတားတက်ရောက်ခဲ့သလို ပြည်တွင်းမှာလည်း FAဖလား ကွာတားအဆင့်ကို ရောက်နေလို့ အတော်လေး သတိကြီးကြီးထားပြီး ကစားရဖွယ်ရှိပါတယ်။

တန်ဟဂ် အတွက် ယခုရာသီ ဒုတိယမြောက်ကွာတားတက်ရောက်မှု ဖြစ်ပြီး ကာရာဘောင်ဖလားထက် FA က ဂုဏ်သိက္ခာပိုင်းအရပိုမိုလေးနက်တာကြောင့်လည်း အရယူနိုင်ဖို့ ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။

သို့သော်လည်းမြို့ခံပြိုင်ဘက်ကြီး မန်စီးတီးအသင်းကလည်း FAဖလားအတွက်အစွမ်းကုန်ကြိုးပမ်းနေတာကြောင့် နောက်တစ်ဆင့်တက်ရောက်ခဲ့ရင်တောင် လွယ်ကူမှာတော့မဟုတ်တာသချာပါတယ်။

ယူနိုက်တက်ကစားသမားတွေအနေနဲ့ ဒဏ်ရာကြောင့် အန်တိုနီ၊ မာစီရယ်နဲ့ တော်မီနေးတို့က ပါဝင်နိုင်မှာမဟုတ်သလို ကတ်စမဲရိုးကလည်း ပွဲပယ်ထိထားပါသေးတယ်။

ယူနိုက်တဒ်လူစာရင်းမှာ ကွင်းလယ်ကအားအနည်းဆုံးဖြစ်နိုင်ပြီး ဖုလ်ဟမ်ရဲ့ ပေါ်လင်ဟာ နဲ့ ပါရဲရား တို့ ကွင်းလယ်က အသာစီးရနေပါတယ်။တန်ဟဂ် အတွက် ဆဘစ်ဇာ-ဖရဒ် အတွဲကသာ အသုံးပြုနိုင်တဲ့အခြေအနေဖြစ်လို့ ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗား ရဲ့ high press ကို အတော်လေး တောင့်ခံနိုင်မှ တော်ကာကျပါလိမ့်မယ်။

အထူးသဖြင့် ယူနိုက်တဒ် ခံစစ် နဲ့ ကွင်းလယ်ကြားမှာ link up play ပျက်နေပြီး ပြိုင်ဘက်က 3 vs 2 အခြေအနေတွေ မကြာခဏ ဖန်တီးနိုင်လာတာကြောင့် ဂရုပြုသင့်ပြီးယခင်လို ခံစစ်တန်းတစ်ခုထဲကသာ အဖျတ်တာဝန်ကို မနိုင်ဝန်ထမ်းထားရတာမျိူး ကြုံတွေ့နေရပါတယ်။

တန်ဟဂ် အနေနဲ့ အဆိုပါပြသနာကိုဖြေရှင်းဖို့ ဘရူနို ကို dropbackလုပ်ပြီးဆန်ချိူ ကို No(10) အဖြစ်အသုံးပြုခဲ့ပေမယ့် အလုပ်မဖြစ်လို့ အဖြေသစ်ရှာဖွေနေပါတယ်။ဒီပွဲမှာအားထားရမယ့် ကစားသမားက ရရှ်ဖိုဒ့် ပဲ ဖြစ်ပြီး ပြီးခဲ့တဲ့ပွဲမှာအပိုင်အခွင့်အရေးတွေ ဖြုန်းခဲ့လို့ ဒီလိုအရေးကြီးပွဲမျိုးမှာ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကို ထပ်ပြီးပြသနိုင်ဖို့အရေးတကြီးလိုအပ်နေပါတယ်။

ယူနိုက်တဒ် အနေနဲ့ FA ဖလားကို အရယူဖို့အထိကြံရွယ်ထားတာကြောင့် ယနေ့ညမှာ ဖူလ်ဟမ်ကို မဖြစ်မနေအနိုင်ယူရန်လိုပြီးကွင်းလယ်အားနည်းချက်ကြောင့် ဂိုးပြတ်အနိုင်မရနိုင်ပဲ ကျဉ်းမြောင်းတဲ့ရလာဒ်နဲ့သာ အနိုင်ရပါလိမ့်မယ်။