Manu sports

ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ဖို့ခဲယဥ်းနေတယ်ဆိုတာ အချက်လက်နဲ့ ထောက်ပြခဲ့တာပါလို့ဆိုလိုက်တဲ့ ကာရေဂါ

ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ဖို့ခဲယဥ်းနေတယ်ဆိုတာ အချက်လက်နဲ့ ထောက်ပြခဲ့တာပါလို့ဆိုလိုက်တဲ့ ကာရေဂါ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီမှာ ခြေစွမ်းကောင်းတွေဆက်တိုက် ရရှိနေပြီး ဖလားတစ်လုံးကိုပါ သိမ်းပိုက်ထားပေမယ့် ရာသီအကုန်မှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာအဆင့်လေးအတွင်းသေချာပေါက် ဝင်ဖို့ အာမခံချက်မရှိကြောင်း ဆိုပါတယ်။ မန်ယူအသင်းအနေနဲ့ လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့်သုံးနေရာမှာ

ရပ်တည်နေတယ်ဆိုပေမယ့်၊နယူးကာဆယ်အသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် မန်ယူအသင်းနဲ့ သုံးမှတ်သာကွာဟတော့တာဖြစ်ကာ၊ စပါးအသင်းကလည်း ကြားထဲမှာ ရှိနေပါတယ်။ ဒါ့အပြင်လီဗာပူးလ်အသင်းနဲ့ဘရိုက်တန်အသင်း တို့ကလည်း အဆင့်လေးအတွင်း ဝင်နိုင်ဖို့ ကြိုးစားလျက်ရှိနေပြီး

ရမှတ်အားဖြင့်လည်း မန်ယူအသင်းနဲ့ ရှစ်မှတ်ခန့်သာ ကွာဟတာဖြစ်ပါတယ်ထို့အတွက်ကြောင့်ကာရေဂါက ” အချိန်အတော်ကြာမန်ယူက အဆင့်လေးအတွင်း သေချာပေါက် ဝင်လိမ့်မယ်လို့ ကျွန်တော်တို့ ခံစားမိခဲ့တယ်။ နဗီးလ််ဆိုရင် အဆင့်နှစ် ရမယ်လို့အထိပါ ပြောခဲ့တာပါ။ ဒါပေမယ့် အခုတော့ အဆင့်လေးအတွင်း ဝင်ဖို့အတွက် ”

သူတို့တွေတကယ့်တိုက်ပွဲအစစ်နဲ့ကြုံရတော့မယ်၊ အထူးသ ဖြင့် နယူးကာဆယ်က မန်ယူအသင်းနဲ့ နောက်ပွဲမှာ ကစားရမာကြောင့်ပါ။ စပါးအတွက် အားသာတာက သူတို့ဟာ နယူးကာဆယ်နဲ့ကော၊ ယူနိုက်တက်နဲ့ကော ကစားရဖို့ ရှိနေတာပါ။ လီဗာပူးလ်နဲ့ စပါးတို့မှာက နှစ်သင်းစလုံးမှာ မငြိမ်သက်မှုတွေ အနည်းငယ် ရှိနေသလိုပဲ၊ နယူးမှာကျ ”

ဒီလိုမျိုးမမြင်ရဘူး။သူတို့က ပွဲကိုမနိုင်ရင်တောင်၊ အရမ်းကောင်းတဲ့ ခြေစွမ်းကို ပြနိင်တယ်။ သူတို့ကို ကျွန်တော် ရှားရှားပါးပါး သိပ်ပြီးတော့တောင် မကြည့်ဖြစ်ပါဘူး၊ ပြိးတော့ အထင်လည်းမကြီးဘူး။ သူတို့ ကောင်းကောင်းလုပ်ပြနေတယ်ဆိုပေမယ့်၊ နောက်နှစ် အဲ့ဒီမှာ သူတို့ ရှိနေမယ်လို့ မဆိုလိုဘူး။ ချယ်လ်ဆီးနဲ့ စပါးတို့က နောက်ရာသီမှာ အများကြီးပိုအားကောင်းလာလိမ့်မယ် လို့ ဆိုခဲ့ပါတယ်။