လူငယ်ကြယ်ပွင့်လေး ဂါနာချို ရဲ့အဖြစ်ကိုကြည့်ပြီး စိတ် အကောင်းဖြစ်နေတဲ့မန်ချက်စတာမြို့က ပရိသတ်များ
မန်ချက်စတာယူနိုက်တက်လူငယ်ကစားသမား ဂါနာချိုဟာခြေထောက်အကာအကွယ်ဖိနပ်ဝတ်ဆင်ပြီး ချိုင်းထောက်နဲ့သွားလာလှုပ်ရှားနေရတာကြောင့် သူ့အတွက် ပရိသတ်တွေစိတ်မကောင်းဖြစ်နေကြပါတယ်။
အသက်(၁၈)နှစ်သာရှိသေးတဲ့အာဂျင်တီးနားလူငယ်ကြယ် ပွင့်ဂါနာချိုဟာပြီးခဲ့တဲ့တစ်ပတ်ကဆောက်သမ်တန်နဲ့ပွဲမှာ နောက်ခံလူ ဝေါ်လ်ကာပီတာစ်ရဲ့ကြမ်းတမ်းတဲ့ဘောလုံးဖျက်ထုတ်မှုကြောင့် ညာဘက်ခြေချင်းဝတ်မှာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲရစ်တန်ဟက်က ဂါနာချိုရဲ့ဒဏ်ရာအနေအထားဟာ မျှော်လင့်ထားတာထက် ပိုဆိုးရွားတယ်လို့ဝန်ခံပြောဆိုခဲ့ပြီး ဂါနာချိုအနေနဲ့ ရက်အတော်ကြာ အနားယူရဖို့ရှိနေပါပြီ။
ဂါနာချိုဟာဒီရာသီမှာယူနိုက်တက်တိုက်စစ်အတွက် အား ထားရတဲ့ကစားသမားတစ်ဦးဖြစ်နေပြီး ပြိုင်ပွဲစုံမှာ (၄)ဂိုးသွင်း၊ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်ခဲ့တာကြောင့်သူ ဒဏ်ရာရသွားတာကဂါနာချိုအတွက်သာမက ယူနိုက်တက်အတွက်လည်း ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါတယ်။
သောကြာနေ့တုန်းက ဂါနာချိုဟာမိသားစုနဲ့အတူ မန်ချက်စတာမြို့မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာနေ့လယ်စာ,စားခဲ့ပြီး ဆိုင်ထဲကအပြန်မှာ ခြေထောက်အကာအကွယ်ဖိနပ်ဝတ်ဆင်ပြီးတော့ ချိုင်းထောက်ကို အားပြုသွားလာရတဲ့ပုံတွေကို ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။