Manu sports

စကားကို မဆင်မခြင်ပြောမိတဲ့ ကွန်တီ ရဲ့ အမှားကြောင့် ဟယ်ရီကိန်း နဲ့ ယူနိုက်တက်ကြား အပြောင်းရွေ့ဖြစ်ပေါ်လာဖွယ်ရှိနေ

စကားကို မဆင်မခြင်ပြောမိတဲ့ ကွန်တီ ရဲ့ အမှားကြောင့် ဟယ်ရီကိန်း နဲ့ ယူနိုက်တက်ကြား အပြောင်းရွေ့ဖြစ်ပေါ်လာဖွယ်ရှိနေ

တော့တင်ဟမ်နည်းပြကွန်တီကဟယ်ရီကိန်းအနေနဲ့ အသင်းမှာကာလရှည်ဆက်ရှိနေမယ်လို့ယုံကြည်နေပေမယ့်အသင်း မှာဆက်ရှိနေဖို့ကကလပ်နဲ့ ကစားသမားအပေါ်မှာပဲ မူတည်နေတယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။

အသက် ၂၉ နှစ်သားရဲ့စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲကိုရောက်နေပြီး နွေရာသီမှာ ယူနိုက်တက်ကလည်း ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်ထားနေပါတယ်။

ကိန်းကတော့လာမယ့်လအနည်းငယ်မှာစာချုပ်သစ်အတွက် စကာေးပြာမှာဖြစ်ပေမယ့် အသင်းရဲ့အနေအထားက ထိပ်ဆုံး ၄ သင်းနေရာကို လွဲချော်နိုင်တာက အင်္ဂလန်သားကို စပါးအသင်းက ဆက်ထိန်းထားနိုင်းဖို့ ခက်ခဲမယ့်အခြေအနေမှာ ရှိနေပါတယ်။

ကွန်တီရဲ့အနာဂတ်မသေချာချိန်မှာ သူ့အနေနဲ့ အသင် နဲ့ ကိန်းရဲ့စာချုပ်အနေအထားကို ဝင်ပါမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒီလိုအခြေအနေက နည်းပြအတွက်ကော အခြားသူတွေအတွက်ပါ ခက်ခဲပါတယ်။ အသင်းကစားသမားအတွက် မှန်ကန်တဲအခြေအနေရှာဖို့ လိုအပ်ပါတယ်။ ကျွန်တော်ပြောနိုင်တာကဟယ်ရီကိန်းကို နည်းပြတိုင်းက သူ့အသင်းမှာ လိုချင်ကြပါတယ်။”

ဒါပေမယ့်မတူညီတဲ့အချက်အလက်တွေလည်းရှိနေပါတယ် အခြေအနေတစ်ခုကိုရှာဖို့လိုအပ်ပါတယ်အဲ့တာက ကစား သမားနဲ့ အသင်းအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော် အပေါ်မှာ မမူတည်ပါဘူး။ ”

ကျွန်တော့်ဘက်ကပြောရမယ်ဆိုရင်တော့ဟယ်ရီက အသင် အတွက် အရမ်းအရေးပါတဲ့ကစားမားပါ။ သူ့ရဲ့အရေးပါမှုကို မင်းသိပါတယ်။ ဒီရာသီထိပ်ဆုံး ၄ သင်းနေရာဝင်နိုင်ဖို့က လူတိုင်းအတွက် အရေးကြီးပါတယ်။ဒါကြောင့် အဲ့တာကို သေချာလေးအာရုံစိုက်ရပါမယ်”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

နွေရာသီမှာ ဟယ်ရီကိန်းတစ်ယောက် အသက် ၃၀ ဖြစ်မှာဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ လိုချင်နေပါတယ်။

ဆက်လက်ပြီး ကွန်တီက“မင်းအနေနဲ့ အသက်ကြီးလာချိန်မှာကစားသမားတစ်ဦးအနေနဲ့ပိုသန်မာလာရမှာပါကျွန်တော် တို့ ကိန်းအကြောင်းနေ့တိုင်းပြောဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ပရော်ဖက်ရှင်နယ်ဆန်လို့ပါ။

သူ့မှာတောက်ပတဲ့အနာဂတ်ရှိနေတယ်လို့ မြင်ပါတယ်။ဒါပေမယ့်အသက်၃၀ကျော်လာချိန်မှာ မင်းအနေနဲ့ ထိပ်တန်းအဆင့်မှာရှိနေဖို့ သခြောာလေးဂရုစိုကျရမှာပါလို့ ပြောကြားခဲ့ပါတယ်။