ဖူလ်ဟမ်အသင်း ကို ဂိုးပြတ်အနိုင်ယူပြီး ဒုတိယမြောက်ဖလားရဖို့ နီးစပ်လာပြီဖြစ်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ရဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲကတော့ ဒုတိယပိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲနဲ့အတူပရိသတ်တွေကို ဆွဲဆောင်သွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ယူနိုက်တက်တို့ ဖူလ်ဟမ်ကို ခက်ခက်ခဲခဲကစားခဲ့ရပြီး အိမ်ကွင်းမှာ ရုန်းကန်ခဲ့ရကာ အရေးနိမ့်ပြီလို့တောင်မှ ထင်မှတ်ခဲ့ရပါတယ်။
ဖူလ်ဟမ်က ပိုကောင်းတဲ့ပုံစံကို ပြသနိုင်ခဲ့ပြီး အနိုင်ရဖို့အတွက်ပါ လုံလောက်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ကာ ယူနိုက်တက်ကို ကောင်းကောင်းကြီးအခက်တွေ့စေခဲ့ပါတယ်။
ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ မီထရိုဗစ်ရဲ့ ဂိုးနဲ့အတူ ဖူလ်ဟမ်တို့ ဦးဆောင်နိုင်ခဲ့ပြီး ယူနိုက်တက်ကို အက်ဖ်အေပွဲက မောင်းထုတ်နိုင်ဖို့ တာစူခဲ့ပါတယ်။

MANCHESTER, ENGLAND – MARCH 19: during the Emirates FA Cup Quarter-Final match between Manchester United and Fulham at Old Trafford on March 19, 2023 in Manchester, England. (Photo by Matthew Peters/Manchester United via Getty Images)
ဒါပေမယ့် ပွဲကစားချိန် မိနစ် ၇၀ မှာတော့ အလှည့်အပြောင်းဖြစ်သွားခဲ့ပါတယ်။ ယူနိုက်တက်တို့ ချေပဂိုးရဖို့ အားထုတ်နေရင်း ဆန်ချိုရဲ့ ကန်သွင်းချက်ကို ဝီလီယံကာကွယ်ခဲ့ရာမှာ လက်နဲ့ထိခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီပေးခဲ့ပါတယ်။
ဒီပင်နယ်တီနဲ့အတူ ဝီလီယံကိုလည်း အနီကတ်ပြထုတ်ပယ်ခဲ့ရာမှာ မီထရိုဗစ်က စောဒကတက်ရင်း ဒိုင်ကိုတွန်းထိုးခဲ့လို့ သူ့ကိုပါ အနီကတ်ထပ်ပြခဲ့လို့ ဖူလ်ဟမ်တို့ ၂ယောက်အထုတ်ခံလိုက်ရပါတယ်။
ဒီပင်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က ကန်သွင်းယူခဲ့ပြီး ချေပနိုင်ခဲ့ကာ သိပ်မကြာခင်မှာပဲ လုခ်ရှောရဲ့ ဖန်တီးပေးမှုကနေ ဆာဘစ်ဇာက ပိတ်သွင်းယူခဲ့လို့ ယူနိုက်တက်တို့ ပွဲကို ပြန်ဦးဆောင်သွားခဲ့ပါတယ်။
ဖူလ်ဟမ်ကတော့ ကစားသမားနှစ်ယောက်အထုတ်ခံရပြီးနောက်မှာ ဘာမှမတတ်နိုင်တော့ဘဲ ဂိုးတွေ အများကြီးမပေးရအောင်သာ ကစားသွားခဲ့ရပါတယ်။ ယူနိုက်တက် ဘောလုံးကိုင်ကစားသွားပြီး နောက်ထပ်ဂိုးတွေရဖို့အတွက် အားထုတ်ခဲ့ပါတယ်။
ပွဲချိန်နောက်ပိုင်းမှာ ယူနိုက်တက်တို့ ဂိုးသွင်းခွင့်တွေ ထပ်ရခဲ့ပေမယ့် အန်တိုနီရဲ့ ကန်ချက်တွေကို လီနိုက ဟန့်တားနိုင်ခဲ့ပါတယ်။ ဖူလ်ဟမ်က တိုက်စစ်ကိုဆင်နိင်ခြင်း မရှိတော့ဘဲ ခံစစ်ကိုသာ ကစားနေခဲ့ရကာ ယူနိုက်တက်တို့ အနိုင်သေချာခဲ့ပြီး ဂိုးထပ်
သွင်းမလား၊ မသွင်းဘူးလားဆိုတာကိုသာ ပရီသတ်တွေစောင့်ဆိုင်းနေခဲ့ရပါတယ်။ နာကျင်အချိန်ပိုမှာတော့ ယူနိုက်တက်အတွက် ဖာနန်ဒက်စ်က နောက်တဂိုးထပ်သွင်းပေးခဲ့ကာ ၃-၁ နဲ့ အနိုင်ရခဲ့ပြီး အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။