ဟိုလိုလိုဒီလိုလို စကားနဲ့ ယူနိုက်တက်အသင်း ကို မျော်လင့်ချက်ပေးလိုက်ပြန်တဲ့ ဒီဂျောင်း
မန်ယူနိုက်တက်နဲ့ ဒီဂျောင်ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းဆိုတာ မပြီးပြတ်သေးတဲ့ ပုံပြင်တပုဒ်ပါ။ ပြီးခဲ့တဲ့ ရာသီကတည်းက မန်ယူက အသည်းအသန်ခေါ်၊ ဘာစီလိုနာကလည်း
ရောင်းချင်လို့ ဈေးတွေညှိနှိုင်းတာ လက်ခံပြီးမှ ဒီဂျောင်က မပြောင်းချင်ဘူးအတိငြင်းလို့ အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် တန်ဟတ်က ကတ်စီမဲရိုးကို ခေါ်ယူလိုက်ရတာပါ။
ဒါပေမဲ့ နည်းပြတန်ဟတ်ကလက်ရှိသွားမယ့် မန်ယူအသင်းမျိုးဆက်မှာဒီဂျောင်လိုကစားသမားကိုရရင် လုံးဝအကိုက်ဆိုပြီး၊ခေါ်ဖို့ ဆုံးဖြတ်ထားပါတယ်။ တန်ဟတ်သဘောကျလို့ မန်ယူပရိသတ်
တွေဟာ လာရင်လည်းလာပါစေတော့လို့ တွေးနေတုန်း ဒီဂျောင်ကတော့ အယ်ကလက်စီကို ပွဲအပြီး မီဒီယာနဲ့ အင်တာဗျူးမှာ မန်ယူကို ပြောင်းမလား၊မပြောင်းဘူးလားဆိုတာကို မတင်မကျ ဖြေခဲ့ပါတယ်။
ZiggoSportနဲ့အင်တာဗျူးမှာသတင်းထောက်ကအကယ် ၍ ယူနိုက်တဒ်က မင်းကိုခေါ်ယူဖို့ ထပ်ကြိုးစားလာမယ်ဆိုရင်တောင် မင်း ယူနိုက်တဒ်ကို သွားမှာမဟုတ်ဘူးမလား “ လို့ မေးခဲ့တာပါ။
ဒီဂျောင်ကအဲ့ဒီလိုလည်း မဟုတ်ပါဘူး။ လုံးဝ ကြိုတင်စဉ်းစားဆုံးဖြတ်ထားတာမျိုးမရှိသေးပါဘူး။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြိုမသိနိုင်ဘူးလေ။ ဒါပေမယ့် ပြောနိုင်တာတစ်ခုက ကျနော် ဘာစီလိုနာမှာအရမ်းပျော်နေပါတယ်။ “ လို့ ဖြေဆိုခဲ့ပါတယ်။
ဒီဂျောင်ရဲ့ပြောစကားအရတော့ ဘာစီလိုနာမှာ ပျော်ရွှင်နေပေမယ့်လည်း သူ့ရဲ့အနာဂတ်ကို ပြောလို့ မရသေးဘူးလို့ မှတ်ယူရမှာပဲ ဖြစ်ပါတယ်။
ယူနိုက်တက်ဘက်ကလည်း လာမယ့်နွေအပြောင်းရွှေ့မှာ ဒီဂျောင်ကို ခေါ်ယူဖို့ ထပ်မံကြိုးစားဖွယ်ရှိနေပြီး ဒီဂျောင်မရရင်တော့ အပြောင်းအလဲအဖြစ် ဘယ်လင်ဟမ်ပဲကျန်ပါတော့တယ်။
ဒုတိယအဖြစ်ဒီကလန်ရိုက်စ်ရှိပါသေးတယ်ဒီလို ကစားသ မားတွေကိုပဲ ဈေးကွက်ထဲ မျှော်ရတော့မှာမလို့ နွေရာသီမှာ ဘယ်သူ့အတွက် ပိုက်ဆံပိုသုံးလိုက်မလဲ စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။