ဖူလ်ဟမ်နဲ့ပွဲအပြီး ယူနိုက်တက်အသင်း အရေးတကြီး ပြင်ဆင်ရမယ့်လိုအပ်တဲ့အရာကို ထောက်ပြခဲ့တဲ့ ရွိုင်ကိန်း
မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်း ရွိုင်ကိန်းက မန်ယူအသင်းအနေနဲ့ဖူလ်ဟမ်အသင်းကို ကွာတားဖိုင်နယ်အဆင့်မှာ အနိုင်ရခဲ့ပေမယ့် သူ့အနေနဲ့ယုံကြည်ချက်အနည်းငယ်တော့ ပျောက်ဆုံးသွားကြောင်း ပြောဆိုလာပါတယ်။
မန်ယူအသင်းအနေနဲ့ ထိုပွဲမှာ ခက်ခက်ခဲခဲယှဥ်ပြိုင်ခဲ့ရပြီး အဖွင့်ဂိုးကိုလည်းစတင်ခွင့်ပြုပေးခဲ့ရသလို ဖူလ်ဟမ်ဘက်က ကစားသမားနှစ်ဦးအနီကဒ်ထိပြီးမှပြန်လာနိုင်ခဲ့ကာ ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ထို့အတွက်ကြောင့်ရွိုင်ကိန်းက အသင်းရဲ့ ခြေစွမ်းအပေါ် ကြည့်ပြီးနည်းပြအဲရစ် တန်ဟန့်အနေနဲ့အကြီးကြီးစိတ်ပျက်သွားလောက်မာ ဖြစ်ကြောင်း မှတ်ချက်ပေးလာခဲ့ပါတယ်။
နည်းပြတော့ အကြီးကြီးစိတ်ပျက်နေလောက်မာပါ။မန်ယူအသင်းက အတော်လေးကို ညံ့ဖျင်းခဲ့ပါတယ်၊ အဲ့ဒါက လုံးဝကို မယုံနိုင်စရာပါပဲ။ပြီးခဲ့တဲ့ အက်ဖ်အေပွဲတွေတုန်းကတော့ သူတို့ နည်းလမ်း ရှာတွေ့ခဲ့တယ်။ဒီနေ့က ဖူလ်ဟမ်ဘက်က ကိုယ့်ကိုယ်ကို ဖျက်ဆီးခဲ့တာပါ။
ကိုယ့်ဘက်က ကံကောင်းမှုအနည်းငယ်လောက်တော့ လိုအပ်ပြီး၊ဒီရာသီမှာ သူတို့ကသေချာပေါက်မျှတမှုတော့ ရှိခဲ့ပါတယ်။
ဒါပေမယ့် မကြာသေးမီတုန်းက ယူနိုက်တက်ကိုကြည့်ရတာကျွန်တော် အနည်းငယ်ယုံကြည်မှုပျောက်သွားခဲ့တယ်။ပြီးခဲ့တဲ့ပွဲတစ်ချို့မှာတုန်းက အကျင့်ဆိုးတစ်ချို့ကို သူတို့ ရခဲ့တယ်။
ဆီမီးဖိုင်နယ်မှာသာ သူတို့ အဲ့ဒီလိုသွားလုပ်ရင် ဘရိုက်တန်ကသူတို့ကို နိုင်သွားလိမ့်မယ်။ နည်းပြက သူတို့ကို အချိန်မီပြန်ပြင်ပေးဖို့တော့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။
ဆက်လက်၍ ဖူလ်ဟမ်အသ်ငးအပေါ် ရွိုင်ကိန်းက အဲ့ဒါကကိုယ့်ကိုယ်ကိုဖျက်ဆီးတာပါပဲ။ နည်းပြနဲ့ ကစားသမားတွေဆီကတုံ့ပြန်ပုံက မကောင်းခဲ့ဘူး။ ဒါက စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲပါ၊ဒါပေမယ့် အဲ့ဒါက ရူးလောက်စရာကောင်းတဲ့ စက္ကန့် ၉၀ ဖြစ်ခဲ့ပြီးတော့၊သူတို့ကို ဆုံးရှုံးသွားစေခဲ့တယ်။
ဖူလ်ဟမ်ကိုကျွန်တော်လုံးဝမသနားပါဘူး။သူတို့မှာ အခွင့် အရေးရှိခဲ့ပေမယ့်၊ အဲ့ဒီအခွင့်အရေးကို သူတို့ပဲ ဖျက်ဆီးပစ်ခဲ့တယ် ” လို့ ပြောဆိုခဲ့ပါတယ်…