Manu sports

ရွန်းနီ လက်သစ်လို့တင်စားခံနေတဲ့ ဘရိုက်တန်ကြယ်ပွင့် ခေါ်ယူဖို့ ပြင်ဆင်လာနိုင်တဲ့ ယူနိုက်တက်အသင်း

ရွန်းနီ လက်သစ်လို့တင်စားခံနေတဲ့ ဘရိုက်တန်ကြယ်ပွင့် ခေါ်ယူဖို့ ပြင်ဆင်လာနိုင်တဲ့ ယူနိုက်တက်အသင်း

အသင်းဂိုးပေါက်မှာဂိုးရဖို့ခက်ခဲနေတဲ့အခါမျိုးကစားသမားတွေ စိတ်ဓါတ်ပိုင်း အားနည်းနေတဲ့အချိန်မျိုးတွေမှာဆိုရင် မန်ယူ ပရိသတ်တွေဟာ ရွန်းနီကို တမ်းတကြပါတယ်။

ရေကုန်ရေခမ်း ပေးဆပ်ကစားတဲ့အပြင် ဂိုးသွင်းနှုန်းက ထိပ်တန်းအဆင့်မှာရှိခဲ့တဲ့အတွက် သူရှိတုန်းက ဂိုးမရမှာကို စိတ်ပူစရာမလိုခဲ့ပါဘူး။

ရွန်းနီလို နံပါတ် (၁၀)နေရာကနေ အဓိကထားခြေစွမ်းပြတဲ့ တိုက်စစ်မှူးက ဈေးကွက်ထဲမှာရှားပေမဲ့ ထူးထူးခြားခြားဆိုသလို ထွက်ပေါ်လာပါတယ်။ ကစားသမားတွေကို သေချာစိစစ်တိုင်းတာနဲ့အချက်အလက်တွေအရ အနာဂတ်မှာ ဖာဂူဆန်ဟာ ရွန်းနီလက်သစ်ဖြစ်လာမယ့် ကစားပုံမျိုးရှိနေတာဖြစ်ပါတယ်။

ဖာဂူဆန်ဆိုတာက နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကို ပြောတာမဟုတ်ပါဘူး။ ကစားသမားရှာဖွေတာ တော်လွန်းတဲ့ ဘရိုက်တန်အသင်းက (၁၈)နှစ်အရွယ် တိုက်စစ်မှူးလေး အီဗန် ဖာဂူဆန်ကို ပြောတာပါ။ ဘရိုက်တန်ဟာ ဒီကစားသမားလေးကိုအိုင်ယာလန်နိုင်ငံက ရှာတွေ့ခဲ့ပါတယ်။

အိုင်ယာလန်နိုင်ငံ ဘိုဟေးမီးယန်းကလပ်မှာ ကစားနေတဲ့ ဖာဂူဆန်ကို(၂၀၂၁)ခုနှစ်၊ ကစားသမားအသက် (၁၆)နှစ်ကျော်မှာ ရှာတွေ့ခဲ့ပြီး၊ ထုံးစံအတိုင်း တော်ကောက်ခဲ့ပါတယ်။ပွဲထွက်ခွင့် သိပ်မသုံးဘဲ ဥထားရင်းကနေ ဂရင်စဘီတောင်းနဲ့အက်ဖ်အေဖလားပွဲမှာထုတ်သုံးပြလိုက်ပါတယ်။

(၅-ဝ)နဲ့အနိုင်ရခဲ့ကာအီဗန် ဖာဂူဆန်တစ်ဦးတည်း (၂)ဂိုးသွင်းယူရင်း အသင်းကြီးတွေ မျက်စိကျအောင် ဆွဲဆောင်လိုက်ပါတယ်။ဘရိုက်တန်ကတော့ ဒီလိုကစားသမားတွေကို ဘယ်လိုမျိုး စေ့စေ့ပေါက်ပေါက် ရှာလာလဲမသိရလောက်အောင်ကို အီဗန် ဖာဂူဆန် ခြေစွမ်းကလန်ထွက်နေပါတယ်။

အချက်အလက်တိုင်းတာချက်တွေအရ အီဗန် ဖာဂူဆန်ရဲ့ခြေစွမ်းကရွန်းနီပေါ်ကာစနဲ့သွားတူနေတာကလည်း စိတ် ဝင်စားစရကောင်းလွန်းနေပြန်ပါတယ်ကြံ့ခိုင်မှု၊ သက်လုံနဲ့ ခြေစွမ်းကိုသာထိန်းထားနိုင်ရင်၁၅)နှစ်လောက်ကိုအေးဆေး သုံးလို့ရမယ် တိုက်စစ်မှူးမျိုးဖြစ်လို့ တန်ဟတ်လည်းစောင့်ကြည့်နေလောက်ပါပြီ။

ကူကူရယ်လာ၊ ကိုင်စီဒို၊ မီတိုမာ၊ အယ်လစ္စတာ၊ ထရော့ဆတ်နဲ့ အခုတစ်ခေါက်မှာ အီဗန် ဖာဂူဆန်ဆိုပြီး၊ ကမ္ဘာ့အဆင့်တစ်ဦးကို ထပ်ရှာထားပြန်ပါပြီ။ ရွန်းနီနဲ့ ကစားပေါက်တူတဲ့ဒီကစားသမားလေးကို မန်ယူအသင်း လက်ဦးနိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရဖို့ရှိနေပါယ်။