Manu sports

မြို့ခံပြိုင်ဘက် မန်စီးတီး နဲ့ ဗိုလ်လုပွဲမှာ ယူနိုက်တက်ဗိုလ်စွဲအောင်ဂိုးသွင်းခဲ့ပြီးဖခင်ခြေရာနင်းနိုင်ခဲ့တဲ့ ကိုင်ရွန်နီ

မြို့ခံပြိုင်ဘက် မန်စီးတီး နဲ့ ဗိုလ်လုပွဲမှာ ယူနိုက်တက်ဗိုလ်စွဲအောင်ဂိုးသွင်းခဲ့ပြီးဖခင်ခြေရာနင်းနိုင်ခဲ့တဲ့ ကိုင်ရွန်နီ

ဝိန်းရွန်းနီရဲ့သားကြီးသြရသကိုင်ရွန်နီဟာယူ-၁၃ Nation al Cup ရဲ့မြောက်ပိုင်းဗိုလ်လုပွဲမှာအနိုင်ဂိုးတစ်ဂိုးသွင်းပြီး မန်ယူဗိုလ်စွဲအောင်ကူညီပေးနိုင်ခဲ့ပါတယ်။

၂၀၀၀ နဲ့ ၂၀၁၀ ခုနှစ်တွေက မန်ချက်စတာဒါဘီတွေမှာ ဝိန်းရွန်နီဟာ မန်စီးတီးနောက်တန်းကိုအမြဲခြောက်လှန့်နိုင်ခဲ့ပြီး အခုတော့ သားဖြစ်သူကလည်း သူ့ဖခင်ရဲ့ခြေရာကို လိုက်နင်းနိုင်ခဲ့တာပါ။

မန်ချက်စတာဒါဘီဖြစ်ခဲ့တဲ့ ယူ-၁၃ National Cup ရဲ့မြောက်ပိုင်းဗိုလ်လုပွဲမှာ မန်ယူဟာ ၂-၀ နဲ့နိုင်ခဲ့တာဖြစ်ပြီး၁၃ နှစ်အရွယ် ကိုင်ရွန်နီက တစ်ဂိုး၊ ဂျေဂျေဂါဘရီရယ်ဆိုတဲ့ကစားသမားလေးက တစ်ဂိုးသွင်းခဲ့ပါတယ်။

အဲဒီဗိုလ်လုပွဲက အောင်ပွဲခံပုံရိပ်တွေကို ကိုင်ရွန်နီဟာ သူ့ရဲ့Instagram အကောင့်မှာလည်း ပြန်လည်ဝေမျှခဲ့တာပါ။အဲဒီမှာ ဆုတံဆိပ်၊ ဆုဖလားတို့နဲ့ ပုံတွေအပြင် တစ်သင်းလုံးနဲ့ပုံတွေကိုလည်း တင်ခဲ့ပါတယ်။

ယူ-၁၃ မှာ မြောက်ပိုင်းချန်ပီယံဖြစ်ခဲ့တဲ့ မန်ယူဟာ တစ်ပြည်လုံးချန်ပီယံဖြစ်ဖို့အတွက်တောင်ပိုင်းချန်ပီယံအာဆင်နယ်နဲ့ ထပ်မံဗိုလ်လုရဦးမှာပါ။

ကိုင်ရွန်နီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူ-၁၂ အသင်းအတွက်လည်း ဂိုးသွင်းခြေစွမ်းပြခဲ့ပါသေးတယ်။အဲဒီတုန်းက ၅၆ ဂိုးသွင်း၊ ၂၈ ဂိုး ဖန်တီးကာ ခရစ္စတီယာနိုဂျူနီယာနဲ့လည်း အတူတွဲကစားခဲ့သေးတာပါ။

သူ့ဖခင်ဝိန်းရွန်နီက စုစုပေါင်း ၂၅၃ ဂိုးနဲ့ မန်ယူအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားပြီးကိုင်အနေနဲ့ အနာဂါတ်မန်ယူမှာ သူ့ဖခင်ရဲ့အဲဒီစံချိန်ကို စိန်ခေါ်သူဖြစ်လာမလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။