Manu sports

ယူနိုက်တက်ခေါ်ယူချင်နေတဲ့ ဟယ်ရီကိန်း အတွက် စျေးသက်မှတ်ပေးလိုက်ပြီဖြစ်တဲ့ စပါးအသင်း

ယူနိုက်တက်ခေါ်ယူချင်နေတဲ့ ဟယ်ရီကိန်း အတွက် စျေးသက်မှတ်ပေးလိုက်ပြီဖြစ်တဲ့ စပါးအသင်း

စပါးအသင်းဟာ သူတို့ရဲ့နာမည်ကျော်တိုက်စစ်မှူး ဟယ်ရီကိန်းအတွက်လာမယ့်နွေရာသီမှာ ပေါင်သန်း(၁၀၀) တစ် လုံးတစ်ခဲတည်း ရမယ်ဆိုရင်ရောင်းချသွားဖို့ရှိပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင်ကစားသမား ဟယ်ရီကိန်းကို မန်ချက်စတာယူနိုက်တက်အသင်းနံပါတ်(၁)ပစ်မှတ်အဖြစ် ပစ်မှတ်ထားနေပေမယ့် စပါးအသင်းကတော့သူတို့ရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဆီ ရောင်းချဖို့ ဆန္ဒမရှိပါဘူး။

ဒါ့အပြင်စပါးအသင်းအနေနဲ့ဟယ်ရီကိန်းအတွက်ကမ်းလှမ်း မယ်ဆိုရင်ပြောင်းရွှေ့ကြေးကို အရစ်ကျနဲ့လက်ခံမှာမဟုတ်ဘဲ တစ်ခါတည်း

တစ်လုံးတစ်ခဲ လိုချင်တာကြောင့် ယူနိုက်တက်တို့ ဟယ်ရီကိန်းကိုခေါ်ယူဖို့ အခက်ကြုံရမယ့်အနေအထားရှိနေပြီလို့ ဗြိတိန်သတင်းစာThe Times က သုံးသပ်ခဲ့ပါတယ်။

ဟယ်ရီကိန်းရဲ့ လက်ရှိစာချုပ်သက်တမ်းက (၁)နှစ်ကျော်သာ ကျန်ရှိတော့ပြီး စပါးအသင်းကစားသမားဘ၀ ဆယ်စုနှစ်တစ်ခုကျော်အတွင်းအခုအချိန်အထိဆုဖလားအောင် မြင်မှုမရသေးတဲ့အတွက် လာမယ့်နွေရာသီကျရင်အသင်းက ထွက်ဖို့ရှိနေပါတယ်။

ဟယ်ရီကိန်းကို ယူနိုက်တက်အပြင်ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်အသင်းတို့ကလည်းစိတ်ဝင်စားနေတာကြောင့် လာမယ့်နွေရာသီမှာ အပြိုင်ကြိုးပမ်းမယ့်အနေအထားပါပဲ။