ဘရိုက်တန် ကြယ်ပွင့်ကစားသမား မီတိုမာ ကို ခေါ်ယူရန် ကင်းထောက်တွေစေလွှတ်ခဲ့တဲ့ ယူနိုက်တက်အသင်း
မန်ယူအသင်းဟာ ဘရိုက်တန်တိုက်စစ်မှူး မီတိုမာကိုခေါ်ယူဖို့ အသင်းရဲ့ကင်းထောက်အဖွဲ့ကို စေလွှတ်ပြီး စောင့်ကြည့်ခိုင်းထားတယ်လို့သိရပါတယ်။
ဂျပန်တိုက်စစ်မှူးဟာ ဘရိုက်တန်မှာ ခြေစွမ်းပြနေပြီး ဘရိုက်တန်အတွက် ၉ ဂိုးသွင်းပြီး ၆ ကြိမ်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သူပါ။
မန်ယူအသင်းကင်းထောက်တွေဟာ မီတိုမာရဲ့ခြေစွမ်းကို ပြီးခဲ့တဲ့လပိုင်းကတည်းက စတင်စောင့် ကြည့်လေ့လာခဲ့တယ်လို့ The Sun သတင်းက ဖော်ပြပါတယ်။
မန်ယူအသင်းဟာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ ဘရိုက်တန်နဲ့ တွေ့ဆုံနေတာကြောင့် မီတိုမာရဲ့ခြေစွမ်းကိုအနီးကပ် စောင့်ကြည့်ရတော့မှာပါ။
နည်းပြအဲရစ်တန်ဟတ်ဂ်ဟာ အီလန်ဂါနဲ့ မာစီယယ်တို့လို တိုက်စစ်မှူးတွေကို အသင်းကနေ ရောင်းထုတ်တော့မှာဖြစ်ပြီး မီတိုမာအပါအဝင် တခြားတိုက်စစ် ကစားသမားတွေကိုလည်း စောင့်ကြည့် လေ့လာနေပါတယ်။