ကာတာအုပ်စု ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိနေတဲ့ ယူနိုက်တက်အသင်း
မန်ယူနိုက်တဒ်အသင်းကို ဝယ်ယူနိုင်ရေးအတွက် ကာတာအဖွဲ့ ရဲ့ကြိူးစားမှုတွေ ဟာ သိသိသာသာ ရှေ့ရောက်လာခဲ့ပြီးနောက် ယခုတစ်ပတ်အတွင်း အသင်းရောင်းချမှုဟာ အပြီးသတ်ဖွယ်ရှိနေပါတယ်။
ကာတာ အဖွဲ့နဲ့ ယူနိုက်တဒ်တာဝန်ရှိသူတွေကြား ပြီးခဲ့တဲ့ ကြာသပတေးနေ့ က တရားဝင်တွေ့ဆုံခဲ့ပြီးနောက် ဒုတိယအကြိမ်ကမ်းလှမ်းမှုပြုလုပ်ရန်သဘောတူညီခဲ့ပြီးဗုဒ္ဓဟူးနေ့ ကို နောက်ဆုံးထားကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။
သတင်းတွေအရ9-2ဖောင်းဒေးရှင်း တည်ထောင်သူလည်းဖြစ်ပြီး ယူနိုက်တဒ်ပိုင်ရှင် သစ်ဖြစ်လာတော့မယ့် ရှိခ့်ယာဆင်း က မန်ယူနိုက်တဒ်ကို ဝယ်ယူရန်အတွက် သူ့အဖွဲ့ကို ပေါင်(၅.၅)ဘီလျံကနေ (၆)ဘီလျံကြားရှိတဲ့ ကမ်းလှမ်းမှုပြုလုပ်ရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ကာတာရဲ့ မန်ယူနိုက်တဒ်ဝယ်ယူရန်ကြိုးပမ်းမှုကို ပရီးမီးယားလိဂ် နဲ့ အင်္ဂလန်အစိုးရ က ကြိုဆိုထားပြီး ဒေသတွင်းပြိုင်ဘက်လိဂ်တွေ အျပါ် အသာစီးရယူနိုင်သလို နိုင်ငံရဲ့ အခြေခံအဆောက်အဦးတွေ ထပ်မံတိုးမြှင့်လာမှာ ဖြစ်တာကြောင့် လက်ခံသဘောတူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ကာတာ ရဲ့ ဝယ်ယူမှုဟာ လက်ရှိ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ငွေသုံးကြမ်းနေမှု ကို လောင်စာထည့်ပေးမှာဖြစ်ပြီး ပရီးမီးယားလိဂ် နဲ့ အခြားသောလိဂ်ကြီးတွေကြားက ကွာဟလွန်းတဲ့ ငွေကြေးပိုင်းသုံးစွဲမှုကို ပိုမိုမြင့်တက်သွားမှာပဲ ဖြစ်ပါတယ်။
အထူးသဖြင့် မန်ယူနိုက်တဒ် လို ဝင်ငွေကောင်းတဲ့အသင်းမှာ ငွေအတိုင်းအဆမရှိသုံးနိုင်တဲ့ ပိုင်ရှင်သစ်တွေ ရောင်ရှိလာတာကပြိုင်ဘက်တွေအတွက်အန္တာရယ်များတဲ့ အခြေအ နေပဲ ဖြစ်ပါတယ်။
ယူနိုက်တဒ် ကို ကာတာဖက်ကဝယ်ယူပြီးရင် ပထမဆုံးပြောင်းလဲမှုကို ယခုနွေမှာတင် မြင်တွေ့ရမှာဖြစ်ပြီး တန်ဟဂ်အတွက်ကြီးမားတဲ့ထောက်ပံ့မှုတွေရရှိလာပါလိမ့်မယ်။
အသင်းကို ဝယ်ယူရန် ပေါင်(၆)ဘီလျံအထိ လျာထားသလို အထွေထွေအသုံးစားရိတ် ပေါင်(၃)ဘီလျံအထိ လျာထားတဲ့ ကာတာအဖွဲ့ဟာ ကျရှူံးခဲ့တဲ့ PSG project နေရာမှာ မန်ယူနိုက်တဒ် နဲ့ အစားထိုးမှာဖြစ်ပြီး သူတို့ရဲ့နိုင်ငံ့ပုံရိပ်ကို အသင်းနဲ့အတူ မြင့်တက်စေဖို့ ကြံစည်နေတာပဲ ဖြစ်ပါတယ်။
ကာတာအနေနဲ့နိုင်ငံအတွင်းမှာတောင်ကြည့်ရှုသူမရှိသလော က်နည်းနေ တဲ့ PSG အစား ကမ္ဘာတစ်ဝှမ်း ဖလားမရချိန်မှာတောင် အားပေးသူမလျော့သွားတဲ့မန်ယူနိုက်တဒ်ကို အစားထိုးပြီးUCLအရယူလိုတဲ့သူတို့ရဲ့အိမ်မက်ကိုအကောင် ထည်ဖော်ရန်ကြိုးစားနေတာပဲ ဖြစ်ပါတယ်။