Manu sports

ယူနိုက်တက်အသင်း နဲ့ အာဆင်နယ်ကြား တစ်ချိန်က ကွာခြားချက်တွေအများကြီး ရှိခဲ့တာပါလို့ ပြောဆိုလိုက်တဲ့ ဗန်ပါစီ

ယူနိုက်တက်အသင်း နဲ့ အာဆင်နယ်ကြား တစ်ချိန်က ကွာခြားချက်တွေအများကြီး ရှိခဲ့တာပါလို့ ပြောဆိုလိုက်တဲ့ ဗန်ပါစီ

ပရီးမီးယားလိဂ်ရဲ့ ကြီး ၂ ကြီးဖြစ်တဲ့ အာဆင်နယ်မှာရော ယူနိုက်တက်မှာပါကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဗန်ပါစီတစ်ယောက် အိုးလ်ထရက်ဖို့ဒ်ကိုရောက်လာတဲ့အချိန်မှာ လုံးဝကို အံ့သြတုန်လှုပ်သွားတဲ့အကြောင်းကိုအသင်းဖော်ဟောင်းဖြစ်တဲ့ ပက်ထရစ်အီဗရာက ဖောက်သည်ချပါတယ်။

နယ်သာလန် လက်ရွေးစင် ဟောင်းဖြစ်တဲ့ ဗန်ပါစီဟာ ဂန်းနားတွေနဲ့အတူ၂၀၀၄ ခုနှစ်ကနေ ၂၀၁၂ ခု နှစ်အထိ လက်တွဲခဲ့ပြီးတဲ့နောက် ယူနိုက်တက်ကိုပြောင်းလာခဲ့သူဖြစ်ပါတယ်။

အဲဒီ ကာလမှာတော့ အာဆင်နယ်ဟာပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့အတွက် မန်ချက်စတာ အခြေစိုက်ကလပ် ၂သင်းနဲ့ ပခုံးချင်း ယှဉ်ခဲ့ရတာဖြစ်ပြီး နည်းပြဟောင်းအာစင်ဝင်းဂါးဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း အာဆင်နယ်ကိုပရီးမီးယားလိဂ်ဖလားရအောင် လုပ်မပေးနိုင်ခဲ့ပါဘူး။

ဒီအတွက် ဗန်ပါစီဟာ မဟာ ပြိုင်ဘက် ယူနိုက်တက်အသင်းဆီကိုပရီးမီးယားလိဂ်ဖလား ရယူလိုမှုနဲ့ ပြောင်းသွား ခဲ့တာဖြစ်တယ်လို့ဝေဖန်မှုမျိုးတွေလည်း အဲဒီအချိန်တုန်းက ရှိခဲ့ပါတယ်။

ဒါပေမဲ့ အာဆင်နယ်နဲ့ယူနိုက်တက်ကြား ကွာခြားချက်က ရှိနှင့်ပြီးသားဖြစ်လို့ ဗန်ပါစီတစ်ယောက်အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာချိန်မှာ တုန်လှုပ်ခဲ့ရတယ်လို့ ပြင်သစ်သားအီဗရာက Vibe with Five ယူကျုချန်နယ်ကို ပြောသွားခဲ့ပါတယ်။

ရော်ဘင်လေ။ အဲ့ကောင် ပြောတာ။ ပက်ထရစ်ရေတဲ့။ဒီလောက် ပရော်ဖက်ရှင်နယ် ပီသတာမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူးတဲ့။မင်းတို့တွေ လေ့ကျင့်ရေးအစီအစဉ်မှာ လုပ်နေတဲ့ လေ့ကျင့်ခန်းတွေကိုပေါ့။လေ့ကျင့်ရေး အစီအစဉ်အပြီးမှာ သူပြောတာက အကုန်လုံးက Gym မှာပဲတဲ့။

လေ့ကျင့်ရေးမစခင်လည်း Gym မှာပဲ။လေ့ကျင့်ခန်း ဆင်းပြီးတော့လည်းGym မှာ ပဲတဲ့။ ဒါကြောင့် သူက အဲဒီလိုမျိုး ပြောခဲ့တာ။ကျွန်တော် အာဆင်နယ်မှာ ကစားတုန်းကဆိုရင် ကျွန်တော်ကကွင်းထဲမှာပဲ ရှိသေးတယ်။

လူငယ်တွေကတော့ ကားတွေထည်လဲစီးပြီးရှော့ပင်းထွက်ရင်ထွက်၊ မဟုတ်ရင် တစ်နေရာ ရာဒိုးတာပဲတဲ့’’ ဆိုပြီးဗန်ပါစီက ပြောခဲ့တဲ့အကြောင်းကို အီဗရာက ထုတ်ပြောခဲ့တာပါ။

ယူနိုက်တက်ကိုရောက်လာပြီးတဲ့နောက်ဗန်ပါစီဟာ ၂၀၁၂ -၁၃ဘောလုံးရာသီ နည်းပြဟောင်း ဖာဂူဆန်ရဲ့ ယူနိုက်တက်အသင်းနဲ့အတူပရီးမီးယားလိဂ် ၂၆ ဂိုးသွင်းနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုကို ရခဲ့သလိုပရီးမီးယားလိဂ် ချန်ပီယံဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။