Manu sports

အသင်းတွက်ဆိုအမြဲအကျိုးပြုနေတဲ့ စပို့တင်းကြယ်ပွင့်တစ်ဦး ကို ခေါ်ယူဖို့ထက်မံစောင့်ကြည့်နေပြန်တဲ့ ယူနိုက်တက်

အသင်းတွက်ဆိုအမြဲအကျိုးပြုနေတဲ့ စပို့တင်းကြယ်ပွင့်တစ်ဦး ကို ခေါ်ယူဖို့ထက်မံစောင့်ကြည့်နေပြန်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ခံစစ်ကစားသမားဖြစ်သူ ဂွန်ကာလို အီနာစီရိုကို စောင့်ကြည့်နေပြီးတော့ဒီနွေမှာ လူငယ်ကစားသမားဖြစ်သူကို ကမ်းလှမ်းမှုလုပ်သွားနိုင်ကြောင်းပေါ်တူဂီက သတင်းဌာနတွေက ဖော်ပြကြပါတယ်။

အသက် ၂၁ နှစ်သားဟာ ကမ္ဘာ့အကောင်းဆုံးလူငယ်ခံစစ်ကစားသမားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပြီး၊ လစ္စဘွန်းအသင်းကနေဥရောပကလပ်အသင်းကြီးတစ်သင်းဆီ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ပြောင်းနိုင်တဲ့ နောက်ထပ်အကယ်ဒမီထွက်ကစားသမားအဖြစ်အကြီးအ ကျယ်မျှော်လင့်ထားကြပါတယ်။

အီနာစီရိုဟာ ကမ္ဘာ့ဖလားအတွက်ပေါ်တူဂီအသင်းရဲ့ ပနာမ လူ ၅၅ ယောက်စာရင်းမှာ ပါဝင်ခဲ့ပေမယ့်ကာတာကို သွားရတဲ့လူစာရင်းမှာတော့ပါဝင်ခွင့်မရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ စီနီယာပွဲဦးထွက်ကို ဒီတစ်ပတ်ထဲမှာ စတင်ခွင့် ရရှိနိုင်ပြီး၊နည်းပြသစ် ရောဘတ်တို မာတီးနက်ဇ်က အီနာစီရိုကို လာမယ့်လစ်ချ်တင်စတိန်းနဲ့ လူဇင်ဘတ်တို့နဲ့ ပွဲတွေမှာ စမ်းသပ်ပြီးတော့အသုံးပြုလာနိုင်ပါတယ်။

ပေါ်တူဂီသတင်းဌာနဖြစ်တဲ့ O Jogo ကနည်းပြ ရူဘင် အာမော်ရိရဲ့ လက်အောက်မှာ အထင်ကြီးစရာကောင်းတဲ့ခြေစွမ်းပြနေတဲ့ အီနာစီရိုကို မန်ယူနဲ့ နယူးကာဆယ်တို့က အပြိုင်စောင့်ကြည့်နေကြပါတယ်။

အီနာစီရိုဟာ ဘောလုံးအကိုင်ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး၊ စပို့တင်းရဲ့ ကစားကွက်တည်ဆောက်တဲ့ နေရာမှာသူက အဓိကနေရာကပါဝင်နေပြီး၊ တစ်ပွဲလျှင် ပျမ်းမျှ ဘောလုံးပေးပို့မှု၇၅ ကြိမ်အထိရှိကာ၊ ဂိုးဖန်တီးမှုလည်း သုံးကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ထို့အတွက်ကြောင့် မန်ယူအသင်းအနေနဲ့ ကစားသမားဖြစ်သူကိုခေါ်ယူချင်ရင် အလျှင်အမြန်လှုပ်ရှားဖို့ လိုပြီး၊ အီနာစီရိုရဲ့လက်ရှိစာချုပ်ထဲမှာ ထည့်သွင်းထားတဲ့ စာချုပ်ဖျက်သိမ်းကြေးယူရို ၄၅ သန်းကို စပို့တင်းဘက်က စာချုပ်သစ်ချုပ်ဆိုပြီးယူရို သန်း ၈၀ အထိ တိုးမြှင့်ချင်နေပါတယ်။