ဂလေဇာမိသားစုကို ငွေအလုံးအရင်းအကုန်ပေးချေပြီး ယူနိုက်တက်ကနေ ဖယ်ရှားဖို့ စံချိန်တင်ကမ်းလှမ်းခဲ့တဲ့ Sir Jim Ratcliffe
မန်ယူနိုက်တက်အသင်းဟာ ၎င်းတို့ အသင်းအတွက် လေ လံနောက်ဆုံးအချိန်အဖြစ် ဝယ်ယူလိုသူများရဲ့ လေလံများကို UK စံတော်ချိန် 9နာရီ၌ တင်သွင်းထားကြောင်းသိရပါတယ်။
Sir Jim Ratcliffe ရဲ့ INEOS Group ဟာ မန်ချက်စတာယူနိုက်တဒ်ကိုဝယ်ယူရန်အတွက် ပထမတစ်ကြိမ်ကမ်းလှမ်းမှုထက် ပိုမိုမြင့်မားတဲ့လေလံတစ်ရပ်ကို ယနေ့ညDeadline မတိုင်မီတင်သွင်းကြမှာ ဖြစ်ပါတယ်။
Sheikh Jassim ဟာ လေလံအသစ်တစ်ခု ယူနိုက်တက်အသင်းထံ ထပ်မံတင်ပြထားပြီဖြစ်ပြီး အသင်းအား ၁၀၀ရာခိုင်နှုန်းပိုင်ဆိုင်မှုအပြင် အသင်းအတွက်အကောင်းဆုံးအရာများဖြစ်စေရမည်ဟူသောမူကိုအဆွဲပြုရ် အသင်းအားပိုင်ဆိုင်ခွင့်ရရေးယုံကြည်လျက်ရှိနေပါတယ်။
Sir Jim Ratcliffe ရဲ့ INEOS မှ Manchester United အား တရားဝင်ဝယ်ယူရန်လေလံအသစ်တစ်ခုပေးပို့ခဲ့ပြီးအသင်းအားကလရှည်ဝယ်ယူမှုအဖြစ် အခိုင် အမာ လုပ်ပိုင်ခွင်ရရှိရန် ယုံကြည်လျက်ရှိသည်။
Sheik Jassim ဟာ မန်ချက်စတာယူနိုက်တက်ကို ကမ္ဘာ့စံချိန်တင်ဈေးနှုန်းတစ်ရပ်(ပေါင် ၈ ဘီလီယံ)ဝန်းကျင် ဖြင့် ယနေ့မှာ ကမ်းလှမ်းမှာဖြစ်ပြီး အဆိုပါ ဘက်ဂျက်ကိုလည်း အဆင်သင့် ပြင်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
ဒါပေမယ့် ဂလေဇာတွေဘက်ကတော့ အသင်းကိုရောင်းမရောင်းဆိုတာသူတို့ဆုံးဖြတ်ချက်သာအတည်ဖြစ်ပြီးပရိသ တ် တွေရဲ့ ခံစားချက်ကို ထည့်တွက်မည် မဟုတ်ကြောင်းလည်း သိရပါတယ်။
မန်ယူအသင်း ပိုင်ရှင် ဂလေဇာမိသားစု ဝင်များကတော့ အသင်းကို ရောင်းချခြင်းမှ အသားတင်စံချိန်တင်ရောင်းချကြေး စတာလင်ပေါင် 6 billion နှင့် 7 billion အကြားလိုအပ်နေကြောင်းသိရပါတယ်။
ဒါကြောင့်ယူနိုက်တက်ရဲ့အရောင်းအဝယ်က မကြာမီအချိန်အတောအတွင်း ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။