Manu sports

အာဂျင်တီးနား နဲ့ အတူ တောက်ပလာအုံးမယ့် ယူနိုက်တက်အသင်းရဲ့ အလင်းလတ်ဆုံးကြယ်ပွင့် လေး ဂါနာချို

အာဂျင်တီးနား နဲ့ အတူ တောက်ပလာအုံးမယ့် ယူနိုက်တက်အသင်းရဲ့ အလင်းလတ်ဆုံးကြယ်ပွင့် လေး ဂါနာချို

အာဂျင်တီးနားအသင်းနည်းပြစကာလိုနီကလူငယ်ကစားသမာ ဂါ နာချိုအပေါ် ကြီးကြီးမားမား မျှော်လင့်ချက်ထားရှိပြီး နောက်တစ်ခါနိုင်ငံတကာပွဲတွေကျရင် သူ့ကို ရွေးချယ်သွားမှာဖြစ်တယ်လို့ အာမခံခဲ့ပါတယ်။

အသက်(၁၈)နှစ်သာရှိသေးတဲ့ မန်ချက်စတာယူနိုက်တက် တောင်ပံတိုက်စစ်ကစားသမား ဂါနာချိုဟာ ဒီရာသီမှာ အသင်းတိုက်စစ်အတွက်ပုံမှန်နေရာတစ်ခုရရှိနေပြီး ပြိုင်ပွဲစုံမှာ (၄)ဂိုးသွင်း၊ဂိုးဖန်တီးမှု (၅)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဂါနာချိုဟာ လာမယ့်နိုင်ငံတကာခြေစမ်းပွဲတွေအတွက်အာဂျင်တီးနားအသင်းကြီးလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့်အဲဒီမတိုင်ခင် ဆောက်သမ်

တန်နဲ့ပရီးမီးယားလိဂ်ပွဲတုန်းကခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည်အနားယူရမှာဖြစ်ပြီးလက်ရွေးစင်အသင်းလူစာရင်းကနေ နုတ်ထွက်လိုက်ရပါတယ်။

အာဂျင်တီးနားအသင်းနည်းပြစကာလိုနီက “ဂါနာချိုအပေါ် ကျွန်တော်တို့အများကြီးမျှော်လင့်ထားပါတယ်။ သိပ်မကြာခင်အချိန်မှာ ဂါနာချိုဟာလက်ရွေးစင်အသင်းဂျာစီ ဝတ်ဆင်ခွင့်ရဖို့လည်း မျှော်လင့်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ ဂါနာချိုဟာ ဒဏ်ရာပြဿနာကြောင့်အခုလောလောဆယ် လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခွင့်မရပေမယ့်လည်း လာမယ့်ဇွန်လကျရင်တော့ အသင်းနဲ့အတူပူးပေါင်းနိုင်ဖို့ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းနည်းပြစကာလိုနီက “ဂါနာချိုအပေါ် ကျွန်တော်တို့အများကြီးမျှော်လင့်ထားပါတယ်။ သိပ်မကြာခင်အချိန်မှာဂါနာချိုဟာလက်ရွေးစင်အသင်းဂျာစီဝတ်ဆင် ခွင့်ရဖို့လည်း မျှော်လင့်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ ဂါနာချိုဟာ ဒဏ်ရာပြဿနာကြောင့်အခုလောလောဆယ် လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခွင့်မရပေမယ့်လည်း လာမယ့်ဇွန်လကျရင်တော့ အသင်းနဲ့အတူပူးပေါင်းနိုင်ဖို့ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။