Manu sports

နည်းပြ တန်ဟဂ်အလိုရှိတဲ့ ကစားသမားနှစ်ဦး ဝယ်ယူနိုင်ဖို့အတွက်အသင်းမှာရှိတဲ့ကြယ်ပွင့်(7)ဦး ကို ရောင်းထုတ်မယ့် ယူနိုက်တက်

နည်းပြ တန်ဟဂ်အလိုရှိတဲ့ ကစားသမားနှစ်ဦး ဝယ်ယူနိုင်ဖို့အတွက်အသင်းမှာရှိတဲ့ကြယ်ပွင့်(7)ဦး ကို ရောင်းထုတ်မယ့် ယူနိုက်တက်

မန်ယူနိုက်တဒ်အသင်းဟာ လာမယ့်နွေမှာ ဘဏ္ဏာရေးမျှချေစည်းမျဉ်းကို ရှောင်လွှဲနိုင်ရန် အတွက် ကစားသမားခေါ်ယူမှုတွေကို တင်းကြပ်စွာ လုပ်ကိုင်ဖွယ်ရှိပြီး ရှိရင်းစွဲ ကစားသမားတွေ ရောင်းချပြီးမှ ပြန်လည် ခေါ်ယူမယ့် အစီစဉ်ကို အကောင်ထည်ဖော်ဖွယ်ရှိပါတယ်။

အသင်းရဲ့ အောင်မြင်မှုကျဆင်းလာတဲ့အတွက် စပွန်ဆာတချို့က လက်တွဲဖြုတ်လာကြသလို ဝင်ငွေတွေလည်း လျော့နည်းလာတာကြောင့် နှစ်ရှည်စာချူပ်တွေခေါ်ယူထားတဲ့ ကစားသမားတွေအတွက် ပေးချေရမယ့်တန်ကြေးနဲ့ မြင့်မားတဲ့ လုပ်ခလစာငွေကြောင့် FFP ကို ရှောင်လွှဲနိုင်ရန် အတွက် အဝတ်လဲခန်းထဲကလူပိုတွေကို ကနဦး ရှင်းထုတ်ရန် ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

မန်ယူနိုက်တဒ်အနေနဲ့ တန်ဟဂ် ရဲ့ စီမံကိန်းကို အကောင်ထည်ဖော်ရာမှာ ကစားသမားသစ်တွေ ဝယ်ယူရေးအပြင် မလိုအပ်တဲ့ကစားသမားတွေကိုလည်း ရှင်းထုတ်နိုင်ရေးအတွက် ကြိုးစားနေပြီး လာမယ့်နွေမှာ ကစားသမားအတော်များများကို ရှင်းလင်းသွားဖွယ်ရှိပါတယ်။

အဓိက ရှင်းထုတ်မယ့်ကစားသမားတွေက ဟန်ဒါဆင်၊ဝီလျံ၊တော်မနေး နဲ့ မက်ဂွိုင်းယား တို့ဖြစ်ပြီး မာစီရယ် ဟာ လည်း အဆိုပါစာရင်းမှာ ပါဝင်နေပါတယ်။ယူနိုက်တဒ်ဘုတ်အဖွဲ့က ကစားသမား (၄)ဦးကနေ (၇)ဦးအထိ ရောင်းချတာ (သို့) အငှားချတာတွေ ပြုလုပ်သွားလိုပြီး ပေါင်သန်း(၁၀၀)ကျော်ပြန်လည်ရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

တန်ဟဂ် က လာမယ့်နွေမှာ အဓိက ခေါ်ယူမှု (၂)ခုပြုလုပ်လိုပြီး တိုက်စစ်မှုးတစ်ယောက်နဲ့ကွင်းလယ်လူတစ်ဦး ခေါ်ယူသွားလိုတာပဲ ဖြစ်ပါတယ်။တိုက်စစ်မှုးအသစ်အဖြစ်ဗစ်တာအော်စမန်ဟီ နဲ့ ဟယ်ရီကိန်း တို့က အဓိကပစ်မှတ်ထားခံရပြီး ကွင်းလယ်လူတွေနေရာမှာတော့ ဖရန်ကီဒီဂျောင်နဲ့ ဂျုဒ့်ဘယ်လင်ဟမ် တို့ကို အဓိက ဦးစားပေးစောင့်ကြည့်လျက်ရှိပါတယ်။

မက်ဂွိုင်းယားကိုရောင်းချခဲ့ရင် ဗဟိုခံစစ်အတွက် လူငယ်ခံစစ်မှုးတစ်ဦးကို ခေါ်ယူလိုနေပြီး လက်ရှိအထိတော့ နာပိုလီ ရဲ့ အသက်(၂၆)အရွယ် ကိုရီယားခံစစ်မှုး ကင်မင်ဂျေး က ရေပန်းစားနေပါတယ်။

တန်ဟဂ် အနေနဲ့ လာမယ်ါနွေမှာ ကစားသမားကောင်းတွေ ခေါ်ယူနိုင်မှသာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မှာဖြစ်ကြောင်း ဘုတ်အဖွဲ့ထံအသိပေးထားသလို အသင်းဖက်ကလည်း ကစားသမားဟောင်းတွေ ရောင်းချပြီးမှသာ လူသစ်တွေ ပြန်လည်ဖြည့်တင်းနိုင်မှာဖြစ်လို့ ပရိတ်သတ်တွေကတော့ စိတ်မောရဦးမယ့် နွေရာသီကာလတစ်ခုကို ထပ်မံဖြတ်သန်းရဖွယ်ရှိပါတယ်။