စပါးတိုက်စစ်မှုး ဟယ်ရီကိန်း ကို ရရှိဖို့အတွက် ပရိသတ်အချစ်တော်ကစားသမားတစ်ဦးကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်လာတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာစပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းကိုကြိုးပမ်းတဲ့နေရာမှာ သူတို့ဂိုးသမားဖြစ်သူ ဟန်ဒါဆင်ကို အလိုက်ပေးကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။
ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာလာမယ့်နွေရာသီကျရင် နံပါတ်(၁)ပစ်မှတ်အဖြစ် ဟယ်ရီကိန်းကို ခေါ်ယူဖို့ဆန္ဒရှိနေပေမယ့် စပါးအသင်းဥက္ကဋ္ဌဒန်နီယဲလ်လီဗိုင်နဲ့ အပြောင်းအရွှေ့ကိစ္စဆွေးနွေးဖို့အခက်ကြုံမယ့်အနေ အထားပါပဲ။ စပါးအသင်းဟာ
ဟယ်ရီကိန်းအတွက် ပေါင်သန်း(၁၀၀)အထိ လိုချင်နေပြီး လာမယ့်နွေရာသီအပြောင်းအရွှေ့အတွင်း ဟယ်ရီကိန်းကို လွယ်လွယ်ကူကူနဲ့လက်လွှတ်ခံဖို့ မရှိပါဘူး။
ဒါပေမဲ့ စပါးအသင်းဟာ ဝါရင့်ဂိုးသမားလိုရစ်နေရာမှာ အစားထိုးဖို့ ဟန်ဒါဆင်ကို ခေါ်ယူလိုနေတာကြောင့်ယူနိုက်တက်အသင်းက အဲဒီအချက်ကို အသုံးချပြီး ဟယ်ရီကိန်းရဲ့အပြောင်းအရွှေ့မှာ ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။
အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူအင်္ဂလန်ဂိုးသမား ဟန်ဒါဆင်ဟာဒီရာသီအစက ယူနိုက်တက်ကနေ နော်တင်ဟမ်ဖော်ရက်စ်အသင်းကိုအငှားနဲ့ပြောင်းရွှေ့ကစားခဲ့ပြီး လက် စွမ်းပြကစားနေပါတယ်။
စပါးအသင်းဟာ လာမယ့်နွေရာသီမှာ ဟန်ဒါဆင်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့နာမည်ကျော် ESPN သတင်းဌာနက ဖော်ပြခဲ့ပြီး ယူနိုက်တက်အသင်းဟာဟယ်ရီကိန်းအတွက် ဟန်ဒါဆင်ကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ရှိနေပါတယ်။
စပါးအသင်းဟာ လာမယ့်နွေရာသီမှာ ဟန်ဒါဆင်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့နာမည်ကျော် ESPN သတင်းဌာနက ဖော်ပြခဲ့ပြီး ယူနိုက်တက်အသင်းဟာဟယ်ရီကိန်းအတွက် ဟန်ဒါဆင်ကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ရှိနေပါတယ်။