ယူနိုက်တက်အသင်း စည်းလုံးဖို့အတွက် နည်းပြ တန်ဟက်ဂ် လုပ်ဆောင်ရမယ့်အရာအချို့ကို ထောက်ပြခဲ့တဲ့ နောက်ခံလူ လင်ဒီလော့ဖ်
ယူနိုက်တက်အသင်းဟာပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးကအာဆင်နယ်နောက် ၁၉ မှတ်အထိ ပြတ်ကျန်နေခဲ့ပြီဖြစ်လို့ အဆင့် ၄ နေရာဝင်ဖို့ပဲ အာရုံစိုက်ရတော့မယ်လို့ ဆိုနိုင်ပေမဲ့လည်း ယူရိုပါလိဂ်နဲ့အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာတော့ ချန်ပီယံဆုအထိ အမြင့်ဆုံးမျှော်လင့်လို့ ရနေပါတယ်။
ဒီအတွက်နအဲရစ်တရစ်တန်ဟတ်ရဲ့အသင်းဟာရာသီအ ကုန်အထိဆိုရင် အနည်းဆုံး ပွဲအရေအတွက်က ၁၅ ပွဲ ကစားရဦးမှာ ဖြစ်ပါတယ်။ဒါဟာ အ နည်းဆုံးပမာဏကို ထည့်တွက်တာဖြစ်ပြီး အဲဒီဖလားပြိုင်ပွဲ ၂ ရပ်မှာအဆင့်တွေ မြင့်သထက် မြင့်ဦးမယ်ဆိုရင်တော့ ပွဲပေါင်း ၂၀ ကျော်သွားနိုင်ပါတယ်။
ဒါကြောင့်ဘောလုံးရာသီရဲ့နောက်ဆုံးအပိုင်းကို ရောက်လာတာနဲ့အတူယူနိုက်တက်ရဲ့ ပွဲစဉ်တွေဟာ တော်တော်လေးကိုစိပ်နေတာပါ။ဒါကြောင့် အသင်းကို ရေလိုက်မလွဲအောင် ပဲ့ကိုင်ပေးနေရတဲ့နည်းပြတန်ဟတ်အဖို့လူစာရင်းကိုအ ကောင်ဆုံးအလဲအလှယ်လုပ်ပေးဖို့လိုနေပြီဆိုတာ ပေါ်လွင်လာပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီးလည်းအသင်းရဲ့ အရန်ကစားသမားတစ်ယောက်ဖြစ်တဲ့ လင်ဒီလော့ဖ်ကထုတ်ပြောထားတဲ့ စကားရှိပါတယ်။ ‘’ဟုတ်တယ်။ တခြားကစားသမားတွေလိုပဲပေါ့။ပွဲတိုင်းကစားချင်တာပဲလေ။ဒီရာသီမှာ ကျွန်တော် လုပ်မပြရသေးဘူး။ကျွန်တော်ကစားချင်တယ်။ ဒါကြောင့်လည်း ကျွန်တော် ဘောလုံးကန်နေတာ။
ကျွန်တော်ကစားချင်တယ်ဒါပေမဲ့လက်ရှိမှာအပြောင်းအရွှေ့အကြောင်းတော့ကျွန်တော်လုံး၀မစဉ်းစားဘူးအခုကျွန်တော် နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူရှိနေပြီး အဲဒါပြီးရင်တော့ ကလပ်အသင်းအတွက် ရာသီအကုန်အထိ အာရုံစိုက်သွားမယ်။
အဲဒီနောက် နွေရာသီရောက်ရင်တော့ ကျွန်တော်တို့ ပြန်ပြီး ချိန်ဆရတော့မှာဖြစ်ပြီးအကောင်းဆုံးကို မြင်ကြရမှာပါ’’ လို့ ဆွီဒင်သားနောက်ခံလူကအခုသီတင်းပတ်ထဲမှာ ပြောခဲ့တာပါ။ အေဂျက်ဇ်နည်းပြဟောင်းဟာအိုးလ်ထရက်ဖို့ဒ်ကို ရောက်လာပြီးနောက်ပိုင်း မက်ဂွိုင်းယားကိုတောင်ဘေး ချိတ်ထားပြီး ဗာရန်း-မာတီနက်ဇ်အတွဲကို အလေးထား သုံးခဲ့တာအားလုံး အသိပါ။
ဒါပေမဲ့ မန်ယူရဲ့ ကောင်းတဲ့ညဉ်တစ်ခုက ကစားသမားတွေအကုန်လုံးဟာပွဲကစားခွင့်ရပြီဆိုတာနဲ့ အကုန်လုံး ပေးဆပ်ပြီး ကစားကြတဲ့ စရိုက်ရှိတာပဲဖြစ်ပါတယ်။ဒါကြောင့်လည်း ယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ် နည်းပြ မော်ရင်ဟိုနောက်ပိုင်းပထမဆုံးအကြိမ် ဖလားတစ်လုံးကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလို အောင်မြင်မှုလေးလောက်နဲ့တော့ သာယာနေလို့ မရသလို လင်ဒီလော့ဖ်ပြောသွားတဲ့ စကားတွေဟာလည်း သတိချပ်စရာ ကောင်းနေပါတယ်။ဒါကြောင့် နည်းပြ တန်ဟတ်ဟာ အသင်းရဲ့ လူစာရင်းကို ဟန်ချက်ညီအောင်ရာသီအကုန်အထိထိန်းချုပ်ကိုင်တွယ်ဖို့လည်းလိုအပ် နေပြီး အိုးလ်ထရက်ဖို့ဒ်အရန်ခုံတန်းကို လည်း ကာရံညီအောင် စာစီပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။