Manu sports

နိုင်ငံအသင်းတွက် ဂိုးသွင်းပြီး နည်းပြ တန်ဟက်ဂ် ကို ပွဲထွက်ခွင့်အတွက်သတိပေးလိုက်တဲ့ ဂျက်စပဲရိုး ဆာဘစ်ဇာ

နိုင်ငံအသင်းတွက် ဂိုးသွင်းပြီး နည်းပြ တန်ဟက်ဂ် ကို ပွဲထွက်ခွင့်အတွက်သတိပေးလိုက်တဲ့ ဂျက်စပဲရိုး ဆာဘစ်ဇာ

ဘိုင်ယန်မြူးနစ်ကနေ မန်ယူအသင်းဆီ အငှားနဲ့လာရောက်ကစားနေတဲ့မာဆယ်ဆဘစ်ဇာကတော့တန်ဟဂလက်အော က်မှာ ပွဲထွက်ခွင့် အပြည့်အဝ မရထားပေမယ့် ဂျာမန်လိဂ်မှာထက်တော့ ကစားချိန်ပိုမိုရရှိထားပါတယ်။

သို့သော်လည်း ဩစတေးလျသားက သူ့အနေနဲ့ တစ်ပတ်ထဲကို (၃)ပွဲကစားရရင်လည်း ဆော့ကစားနိုင်ကြောင်းဆိုခဲ့ပြီး ပွဲဆက်ကစားခွင့်ရဖို့ ခွင့်တောင်းခဲ့သလို တဆက်ထဲမှာပဲ နိုင်ငံအသင်းမှာ သူ့ရဲ့ အလန်းစားခြေစွမ်းနဲ့အတူ တန်ဟဂ်ကို ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း သတိပေးခေါင်းလောင်းထိုးလိုက်ပြန်ပါတယ်။

ယနေ့မနက်ပိုင်းကယှဉ်ပြိုင်သွားခဲ့တဲ့ ဩစတေးလျအသင်းရဲ့ အဇာဘိုင်ဂျန်နဲ့ ပွဲစဉ်မှာ ကပ္ပတိန်လက်ပတ်ဝတ်ဆင်ထားတဲ့ ဆဘစ်ဇာက လှပတဲ့ သွင်းဂိုး(၂)ဂိုး ရယူကာ သူဟာ ခြေစွမ်းပိုင်းညံဖျင်းသူမဟုတ်ကြောင်း သက်သေပြခဲ့တာပါ။ မာဆယ်ဆဘစ်ဇာ က အဝေးကန်ချက်ကနေ လှပသေသပ်တဲ့ ဦးဆောင်ဂိုး ရယူခဲ့သလို ပြစ်ဒဏ်ဘောကနေ တတိယအနိုင်ဂိုးကို ရယူပေးခဲ့ပါသေးတယ်။

ဩစတေးလျကပ္ပတိန်ဟာယူနိုက်တဒ်နဲ့ ဘိုင်ယန်မှာ ကစားချိန်နည်းပါးခဲ့ပေမယ့်သူ့ရဲ့အမှတ်အသားဖြစ်တဲ့ အရည်အသွေ းမြင့်အဝေးကန်ချက်တွေနဲ့ တည်ကန်ဘောတွေ ကိုတော့ အကောင်းဆုံး အဆုံးသတ်နိုင်ကြောင်း သက်သေပြခဲ့တာဖြစ်ပါတယ်။

ဒီလိုသွင်းဂိုးတွေဟာယူနိုက်တဒ်ကွင်းလယ်မှာ အရေးတ ကြီးလိုအပ်နေတဲ့ အစိတ်အပိုင်းဖြစ်ပြီး တန်ဟဂ် အတွက် နိုင်ငံတကာနားရက်အတွင်း ဆဘစ်ဇာ ကို ပွဲထွက်ခွင့်ပေးဖို့ မဟာဗျူဟာအရ ထည့်သွင်းစဉ်းစားရဖွယ်ရှိပါတယ်။

ယူနိုက်တဒ်ကွင်းလယ်မှာကတ်စမဲရိုးကအထိုင်ကစားသမားအဖြစ် အသုံးတော်ခံနေပြီး လက်တလောမှာတော့ ဘရာဇီးလ်သားနေရာကို အစားထိုးနိုင်မယ့်သူမရှိပဲ သူ့ရဲ့တွဲဘက်နေရာကိုသာ ဖရဒ်/အဲရခ်ဆင် နဲ့ ဆဘစ်ဇာ တို့က ပူးတွဲနေရာယူနေတာဖြစ်ပါတယ်။

ဧပြီလအတွင်း အဲရခ်ဆင် လည်း ပြန်လည်ပါဝင်လာမှာဖြစ်လို့တန်ဟဂ် အနေနဲ့ ဆဘစ်ဇာ ကို နံပတ်(၈) နေရာအစား ဒီရာသီ ဂိုးသမားတွေထက်တောင် ပွဲပိုကန်ထားရတဲ့ ဘရူနို ကို အနားပေးနိုင်ရန် ကွင်းလယ်တိုက်စစ်မှာ ပြန်လည်အသုံးပြုရန် လျာထားသင့်ပါတယ်။
crd