Manu sports

ယူနိုက်တက် ခေါ်ယူချင်နေတဲ့ ပေါ်တူဂီကြယ်ပွင့် ကို စျေးသက်မှတ်ပေးလိုက်တဲ့ ဝုလ်ဗ်အသင်း

ယူနိုက်တက် ခေါ်ယူချင်နေတဲ့ ပေါ်တူဂီကြယ်ပွင့် ကို စျေးသက်မှတ်ပေးလိုက်တဲ့ ဝုလ်ဗ်အသင်း

ဝုလ်ဗ်အသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ပစ်မှတ်ထားနေတဲ့ သူတို့အသင်းခေါင်းဆောင် အတွက်ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်ပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဟာ၂၀၁၇ ခုနှစ်က ပေါ်တိုကနေ ဝုလ်ဗ်အသင်းကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၅.၈ ) သန်းနဲ့ရောက်ရှိခဲ့ပြီး အသင်းကိုစတင်ရောက်ရှိချိန်ကတည်းက အခုအထိ အဓိကကွင်းလယ်လူအဖြစ်ပါဝင်ကစားခွင့်ရနေပါတယ်။

ဒီရာသီမှာ ကစားသမားဟာဝုလ်ဗ်အသင်းအတွက် (၃၃)ပွဲကစား၊ (၅)ဂိုးသွင်းယူခဲ့သလိုဝုလ်ဗ်ကစားသမားဘဝတစ်လျှောက်မှာ(၂၄၅)ပွဲကစား၊(၂၉)ဂိုးသွင်းယူခဲ့ပါတယ်

ဒီလိုခြေစွမ်းကောင်းတွေပြသနေတာကြောင့်ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ယူနိုက်တက်၊ လီဗာပူးလ်၊ ဘာစီလိုနာအသင်းတို့ကခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့ Football Insider ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။

ရူဘင်နီးဗတ်စ်ရဲ့လက်ရှိစာချုပ်သက်တမ်းက၂၀၂၄ ခုနှစ်အထိသာ ကျန်ရှိတော့ပြီး ဝုလ်ဗ်အသင်းက လာမယ့်နွေရာသီကျရင် ရူဘင်နီးဗတ်စ်ကို ပေါင်သန်း(၅၀)ရရင် ရောင်းချသွားဖို့ရှိပါတယ်။

အခုလောလောဆယ် ဝုလ်ဗ်အသင်းဟာ တန်းဆင်းဇုန်က ဝက်စ်ဟမ်းနဲ့(၃)မှတ်သာ ကွာဟနေပြီး တကယ်လို့ မထင်မှတ်ဘဲတန်းဆင်းရမယ်ဆိုရင်ရူဘင်နီးဗတ်စ်ရဲ့ ပြောင်း ရွှေ့ကြေးက ပေါင်သန်း(၅၀)ထက် လျော့နည်းသွားဖို့ရှိနေပါတယ်။