သွင်းဂိုးတစ်ဂိုးနဲ့ပတ်သက်ပြီး နည်းပြတန်ဟက်ဂ်နည်းစနစ်တိုက်စစ်ကစားပုံကို ပြန်လည်ရှင်းပြခဲ့တဲ့ ယူနိုက်တက်ကြယ်ပွင့်weghorst
မန်ယူနိုက်တဒ်ကို အငှားနဲ့ရောက်ရှိလာပေမယ့် အသင်းမှာ အလျှင်အမြန်အထိုင်ကြခဲ့ပြီး ပရိတ်သတ်အချစ်တော်ဖြစ်ခဲ့ငူ ဝက်စ်ဂိုစ့် ကတော့ သူ့အနေနဲ့ တန်ဟဂ် ရဲ့ နည်းစနစ်မှာပိုမိုအံဝင်ဂွင်ကျကစားနိုင်ဖို့လိုသေးတယ်လို့ဝန်ခံလိုက်ပါတယ်။
ဝက်စ်ဂိုစ့် က ဒီရာသီဝက်မှာမှ ရောက်ရှိလာသူဖြစ်ပေမယ့် ပွဲတိုင်းလိုလိုအသုံးတော်ခံနေရသူဖြစ်ပြီး သွင်းဂိုးမရရှိသလောက်ဖြစ်နေသည့်တိုင် တန်ဟဂ်ကတော့ ယုံကြည်စွာနဲ့ဆက်လက်အသုံးပြုနေခဲ့တာပဲ ဖြစ်ပါတယ်။ ဝက်စ်ဂိုစ့် က နံပတ်(၁၀)၊ ကွင်းလယ်အဖျတ် နေရာစုံကစားနေရသူဖြစ်ပြီး တန်ဟဂ် ရဲ့ တိုက်စစ်မှုးတစ်ယောက်ဖြစ်လိုရင် တောင်းဆိုမှုတွေများပြားလိမ့်မယ်လို့လည်းဆိုပါသေးတယ်
ဝက်စ်ဂိုစ့် က “ဖူလ်ဟမ် နဲ့ အဝေးကွင်းပွဲမှာ နည်းပြက ကျွန်တော့်ကိုခေါ်ယူပြီးရရှ်ဖိုဒ့်အနောက်ကနေ နံပတ်(၁၀) အဖြစ် ကစားခိုင်းဖို့စဉ်းစားထားတဲ့အကြောင်း ခေါ်ပြောခဲ့ပါတယ်။သူက ကျွန်တော့်ကို သူ့ရဲ့ဂိမ်းပလန်အတိုင်း ပွဲထဲမှာ ဆော့ကစားဖို့ အလိုရှိပြီး ကျွန်တော်ကလည်း အမိန့်ကို တသွေမတိမ်းလိုက်နာခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့တန်ဟတ်ဆိုတာ က တာဝန်သိစိတ်နဲ့ ကစားတတ်တဲ့သူမျိုးကို တန်ဖိုးထားတတ်တဲ့ နည်းပြ တစ်ယောက်ဖြစ်နေလို့ပါ။နည်းပြ ကျွန်တော့်ကို ခံစစ်ကူတဲ့တာဝန်တွေကို ကူညီပြီးလုပ်ကိုင်စေလိုပါတယ်။ကျွန်တော်ကလည်း အစုအဖွဲ့လိုက်စုပေါင်းလုပ်ကိုင်တတ်သူဖြစ်လို့ နည်းပြကို ချက်ချင်းပဲ ‘ပြသနာမရှိပါဘူး ကျွန်တော်လုပ်မယ်’လို့သာ ပြောဆိုခဲ့ပါတယ်”။
တစ်ခါတစ်လေတော့ကျွန်တော်ကစားတာအတော်အဆင် ပြေနေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတွေးကြည့်ရင် ကျွန်တော့်မှာ သွင်းဂိုး(၂)ဂိုးသာ ရှိပါသေးတယ်။ဘောလုံးလောကမှာ လူတိုင်းက ကိန်းဂဏန်းတွေကိုပဲ ကြည့်ကြတာမဟုတ်လား ကျွန်တော်ကတော့ ကျွန်တော့်ကလေးတွေကို ဘောလုံးပွဲတစ်ပွဲဟာ ကိန်းဂဏန်းတွေထက် ပိုမိုတန်ဖိုးရှိတယ်ဆိုတာကို သိအောင် အမြဲသင်ပြလေ့ရှိပါတယ်။”
ကျွန်တော်ကအမြဲတစေကောင်းမွန်တဲ့အတွေးတွေကိုပဲတွေး ခေါ်ရတာ ကြိုက်တဲ့သူပါ။နော်တင်ဟမ်ဖောရက်စ် နဲ့ပွဲမှာ ဂိုးရပြီးတော့ အင်တာဗျူးမှာ အိမ်ကွင်းပရိတ်သတ်တွေရှေ့ အောင်ပွဲခံဖို့ ဂိုးရယူလိုတယ်လို့ ပြောခဲ့ပါသေးတယ်။အဲ့ဒီဂိုးအတွက်အချိန်အတော်ကြာ စောင့်ခဲ့ရပေမယ့် ဂိုးသွင်းယူပြီးတဲ့နောက်အိမ်ကွင်းပရိတ်သတ်ရှေ့မှာ အောင်ပွဲ ခံရတာက တကယ်ကို ပျော်ရွှင်ဖို့ကောင်းပါတယ်”လို့ဆိုပါတယ်။
နောက်ပြီး မန်ယူမှာ ဂိုးတွေ အများကြီး သွင်းမပြနိုင်သေးပေမဲ့လည်း ဘောလုံးကစားတယ်ဆိုတာ သွင်းဂိုးတစ်ခု တည်းကို ဆုံးဖြတ်တာမဟုတ်တဲ့အတွက် အဆင်ပြေတယ်လို့လည်း ဗက် ဟော့တ်က ပြောဆိုခဲ့ပါတယ်။
crd