ယူနိုက်တက်အသင်းမှာ သူကောင်းအောင်ကစားပေးခဲ့လည်း အသိမှတ်ပြုခံရတာတစ်ခုမှမရှိခဲ့ဘူးလို့ ဖွင့်ဟလာတဲ့ မက်ဂွိုင်းယား
မန်ချက်စတာယူနိုက်တက်ခံစစ်ကစားသမားဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယားကသူဟာ နိုင်ငံအသင်းမှာလိုမျိုး၊ ကလပ်အသင်းအဆင့်မှာတော့အသိအမှတ်ပြုခြင်း မခံရဘူးလို့ ပြောဆိုလာပါတယ်။
မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့်နည်းပြ အဲရစ် တန်ဟန့်ရဲ့ လက်အောက်မှာ နေရာမရတော့တာ ဖြစ်ပါတယ်။ဒါပေမယ့် အင်္ဂလန်အသင်းမှာတော့ မက်ဂွိုင်းယားဟာ အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်နေပြီး၊ ပြီးခဲ့တဲ့နှစ်တွေအတောအတွင်းအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့ပါတယ်။
မက်ဂွိုင်းယားဟာ ကြာသပတေးနေ့က အီတလီအသင်းကို၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နည်းပြ ဂဲရက် ဆောက်ဂိတ်ကပွဲထွက်လူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်၊ ဒါပေမယ့် ပြိုင်ဘက်အသင်းက ရသွားတဲ့ ဂိုးမှာတော့ အမှားမကင်းခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ သင့်တော်တဲ့ အသိအမှတ်ပြုခြင်းခံရသလားလို့မက်ဂွိုင်းယားကို မေးတဲ့အခါ ” အင်္ဂလန်အတွက်ဆိုရင်တော့ ခံရပါတယ်။ပြီးခဲ့တဲ့ရာသီက ကလပ်အတွက် ခက်ခဲခဲ့တာ သိသာပါတယ်၊ဒါပေမယ့် ဗဟိုခံစစ်မှုးတွေ အများကြီးနဲ့အလုပ်လုပ်နေတဲ့ဂဲရက်ကိုကျွန်တော် သက် သေပြခဲ့ပြီးပါပြီ။
တစ်နိုင်ငံလုံးက အင်္ဂလိပ်ဗဟိုခံစစ်မှူးတွေကို သူ ရွေးချယ်နိုင်တယ်၊ ဒါပေမယ့် ကျွန်တော်ကစားလို့ရနိုင်တဲ့အခါတိုင်း အသင်းမှာ ပါရတယ်၊ ကစားခွင့်ရတယ်။ကျန်တဲ့သူတွေကို မေးကြည့်ရင်လည်း အသင်းဆီကို ကျွန်တော် ဘာတွေ
ယူလာပေးသလဲ သူတို့ သိပါတယ်။
ကျွန်တော် အသက် ၃၀ ရှိပြီ၊ဒါပေမယ့် ဒီလယ်ဗယ်မှာ ကိုယ့်ကိုယ်ကို သက်သေပြစရာ မလိုအပ်တော့ပါဘူး ”” နိုင်ငံအသင်းမှာ ကျွန်တော် ပွဲ ၅၀ ကျော်ကစားခဲ့ပြီးပြီ။မန်ယူအသင်းအတွက် ပွဲ ၂၀၀ နီးပါး ကစားပေးခဲ့ပြီးပြီ၊ အသင်းကို
သုံးနှစ်လောက်ခေါင်းဆောင်လုပ်ခဲ့ပြီးပြီ၊ ဒါပေမယ့် ကိုယ်ကမန်ယူအသင်းခေါင်းဆောင်ဖြစ်တဲ့အခါ၊ စောင့်ကြည့်အခံရဆုံးဖြစ်မယ်ဆိုတာနားလည်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကလပ်မှာ ကျွန်တော့်ခြေစွမ်းက
တခြားသူတွေလိုပဲ မကောင်းခဲ့ဘူး၊ ဒါပေမယ့် ကျွန်တော်တစ်ဦးတည်း ရုန်းကန်ခဲ့ရတာ မဟုတ်ပါဘူး၊ လူတိုင်းပါပဲ ” လို့ ဆိုခဲ့ပါတယ်။