Manu sports

ဖူလ်ဟမ်ကြယ်ပွင့် မီထရိုဗစ်ကို ခေါ်ယူဖို့ လက်လျော့ခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြခဲ့တဲ့ ယူနိုက်တက်

ဖူလ်ဟမ်ကြယ်ပွင့် မီထရိုဗစ်ကို ခေါ်ယူဖို့ လက်လျော့ခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်တိုက်စစ်မှူးမီထရိုဗစ်ကိုခေါ်ယူဖို့ စောင့်ကြည့်ခဲ့ပေမယ့် FA ဖလားပွဲတုန်းက အနီကတ်ဖြစ်ရပ်ကြောင့်သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ပါတယ်။ အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ

ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး မီထရိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီကဖူလ်ဟမ်အတွက် လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်အဖြစ်

(၄၃)ဂိုးအထိသွင်းပြီးပရီးမီးယားလိဂ်တန်းတက်ခွင့်ရ အောင် ကူညီပေးခဲ့သလိုဒီရာသီမှာလည်း အသင်းအတွက် (၁၂)ဂိုးသွင်းယူခဲ့ပါတယ်။

ဒီလိုခြေစွမ်းကောင်းတွေပြသနေတဲ့ မီထရိုဗစ်ကို လာမယ့်နွေရာသီကျရင်မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးပြီး ကမ် းလှမ်းဖို့ ယူနိုက်တက်အသင်းက ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့တဲ့ FA ဖလားပွဲတုန်းကမီထရိုဗစ်ဟာ ပရော်ဖက်ရှင်နယ်မပီသတဲ့အပြုအမူကျူးလွန်ခဲ့ပြီးကွင်းလယ်ဒိုင်ခရစ္စကာဗန်နာကို လက်နဲ့တွန်းထိုးခဲ့တာကြောင့်တိုက်ရိုက်အနီကတ်အပြခံခဲ့ရပါတယ်

အဲဒီလုပ်ရပ်အတွက် မီထရိုဗစ်ဟာပုံမှန်အတိုင်း (၃)ပွဲပယ်ပြစ်ဒဏ်အစား (၁၀)ပွဲအထိ ပွဲပယ်ခံရဖို့ရှိနေပါပြီ။ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ရာသီကုန်ကျရင်အငှားစာချုပ်ပြည့်မယ့် တိုက်စစ်မှူးဗက်ဟော့တ်နေရာမှာ

အစားထိုးဖို့ မီထရိုဗစ်ကို ပစ်မှတ်ထားခဲ့ပေမယ့် အခု သူ့ရဲ့စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် မီထရိုဗစ်ကိုကမ်းလှမ်းမယ့်အစီအစဉ် ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။