Manu sports

ယူနိုက်တက်အသင်းရဲ့နောက်ဆုံးရစိတ်ဝင်စားဖွယ်သတင်းများ

ယူနိုက်တက်အသင်းရဲ့နောက်ဆုံးရစိတ်ဝင်စားဖွယ်သတင်းများ

လူဇမ်ဘော့ 0-6 ပေါ်တူဂီ၊ ဥရောဖလား ခြေစစ်အုပ်စုပွဲ စဥ်တွင် ယူနိုက်တက်မှ ကွင်းလယ်လူ ဖာနန်ဒက် နှင့်နောက်ခံလူ ဒါလော့တို့သည် ပေါ်တူဂီအသင်းအတွက် ပွဲ ထွက် ကစားသမားအဖြစ် ပါဝင်ခဲ့ကြသည်။ ဖာနန်ဒက် က (75)မိနစ်အထိကစားခဲ့ကာ တစ်ဂိုးဖန်တီးမှုပြုလုပ်ခဲ့သည်။ ဒါလော့က ပွဲပြီးသည်အထိ ကစားခဲ့သည်။

အင်္ဂလန် 2-0 ယူကရိန်း ၊ ဥရောဖလား ခြေစစ်အုပ်စုပွဲ စဥ်တွင်ယူနိုက်တက်မှနောက်ခံလူမက်ဂွိုင်ယားက အင်္ဂလန်အသင်းအတွက် ပွဲထွက် ကစားသမားအဖြစ် ပါဝင်ပြီး ပွဲပြီးချိန်အထိ ကစားခဲ့ကြောင်းသိရသည်။

မော်ရိုကို2-1 ဘရာဇီး၊ ခြေစမ်းပွဲ ပွဲစဥ်တွင် ယူနိုက်တက် အသင်းမှ ကွင်းလယ်လူ ကက်စီမဲရိုက ပွဲထွက်ကစား သမားအဖြစ်ပါဝင်ပြီး ပွဲပြီးအချိန်ထိကစားခဲ့ကာအသင်း အတွက် ခြေပဂိုးကို သွင်းပေးခဲ့သည်။ တောင်ပံကစား သမား အန်တိုနီက ပွဲကစားချိန်(64)မိနစ်၌ လူစားဝင်၍ ကစားခဲ့သည်။

စကော့တလန်3-0ဆိုက်ပရပ် ၊ ဥရောဖလား ခြေစစ်အုပ်စုပွဲစဥ်တွင် ယူနိုက်တက်မှကွင်းလယ်လူ တိုမီနေးက စကော့တလန်အသင်းအတွက် (67)မိနစ်၌ လူစားဝင် ကစားခဲ့ကာ အသင်းအတွက် (2)ဂိုးသွင်းပေးခဲ့သည်။

အဲရစ်ဆင် ” ကျွန်တော့်ဒဏ်ရာက Ig မှာတင်ခဲ့သလိုပဲ ကောင်းမွန် သက်သာမှုတွေက အတော်လေးကို ကောင်းခဲ့ပါတယ်။ ကျွန်တော်ဟာ Gym ရုံမှာ လေ့ကျင့်မှုတွေ များစွာလုပ်ခဲ့ ပါတယ်။ ဒါနဲ့ အခုဆိုရင် လေ့ကျင့်ရေးကွင်းဆီကို ထွက် ပြီး ပြန်လည်ထူထောင်ရေးကိစ္စအတွက် လေ့ကျင့်နိုင်ပြီး ပဲ ဖြစ်ပါတယ်။ “