Manu sports

ဘရိုက်တန်ကြယ်ပွင့် ကို ခေါ်ယူဖို့အတွက် ယူရိုခြေစစ်ပွဲ သို့ ကင်းထောက်တွေစေလွတ်ခဲ့တဲ့ ယူနိုက်တက်အသင်း

ဘရိုက်တန်ကြယ်ပွင့် ကို ခေါ်ယူဖို့အတွက် ယူရိုခြေစစ်ပွဲ သို့ ကင်းထောက်တွေစေလွတ်ခဲ့တဲ့ ယူနိုက်တက်အသင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖာဂူဆန်နဲ့ လက်တွဲခွင့်ရဖို့နီးစပ်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ဖာဂူဆန်က ဂန္ထဝင်နည်းပြကြီးအဲလက်စ်ဖာဂူဆန်မဟုတ်ဘဲ ဘရိုက်တန်အသင်းရဲ့ အိုင်ယာလန်လူငယ်ကြယ်ပွင့် အီဗန်ဖာဂူဆန်ပဲဖြစ်ပါတယ်။

အသက်(၁၈)နှစ်သာရှိသေးတဲ့ တိုက်စစ်မှူးအီဗန်ဖာဂူဆန်ဟာ ပြီးခဲ့တဲ့ရာသီကမှဘရိုက်တန်စီနီယာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ဒီရာသီမှာတော့ပြိုင်ပွဲစုံ(၁၆)ပွဲကစား၊ (၇)ဂိုးသွင်းပြီးတော့ ခြေစွမ်းပြကစားနေပါတယ်။

ဒါ့အပြင် လက်ဗီးယားကို (၃-၂)ဂိုးနဲ့အနိုင်ရတဲ့ခြေစမ်းပွဲမှာအီဗန်ဖာဂူဆန်က အိုင်ယာလန်ကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူခဲ့ပြီးအသက်(၁၈)နှစ်၊ (၁၅၄)ရက်နဲ့ ကစားသမားဟောင်း ကီဗင်အိုဖလာနာဂန်

(အသက်၁၈နှစ်၊၁၅၀ရက် – ၁၉၃၇၊နိုဝင်ဘာ)နောက်ပိုင်းအိုင်ယာလန်အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရတဲ့ပွဲမှာဂိုးသွင်းနိုင်တဲ့ဒုတိယအသက်အငယ်ဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာအီဗန်ဖာဂူဆန်ရဲ့ခြေစွမ်းကို စောင့်ကြည့်ဖို့အတွက် အိုင်ယာလန်နဲ့ ပြင်သစ်တို့ကစားမယ့်ယူရိုပါလိဂ်ခြေစစ်ပွဲကို ကင်းထောက်တွေ စေလွှတ်သွားမှာဖြစ်ပါတယ်။

အီဗန်ဖာဂူဆန်ကို ခေါ်ယူဖို့ ယူနိုက်တက်အပြင် စပါး၊ ချယ်လ်ဆီးတို့ကလည်းပစ်မှတ်ထားနေပြီးအီဗန်ဖာဂူဆန်က တော့ အခုလောလောဆယ်ဘရိုက်တန်အသင်းနဲ့လမ်းခွဲဖို့ ဆန္ဒမရှိသေးပါဘူး။