Manu sports

ဝယ်ယူကမ်းလှမ်းသူတွေများလာ လို့ စျေးကိုင်နေတဲ့ ယူနိုက်တက်ပိုင်ရှင် ဂလေဇာမိသားစု

ပရီးမီးယားလိဂ်ထိပ်သီးမန်ယူအသင်းကိုဝယ်ယူရန်ကြိုးပမ်း နေသူများသည်အသင်းအားပိုင်ဆိုင်ခွင့်ရရန်အတွက် ကြေးတိုးမြှင့်ကမ်းလှမ်းထားကြောင်း သိရသည်။

မန်ယူအသင်းအားဝယ်ယူရန်အတွက်ကာတာဘဏ် (QIB) ဥက္ကဋ္ဌရှိတ်ဂျက်ဆင်က ဒုတိယအဆင့်ကမ်းလှမ်းမှု ပြုလုပ်ထားပြီးဖင်လန်ဘီလျံနာဆီလီယာကို့စ်ကလည်း ကမ်းလှမ်းမှုကိုထပ်မံတိုးမြှင့်ထားကြောင်းအတည်ပြုပြောကြားခဲ့သည်

မန်ယူအသင်းကိုဝယ်ယူရန်ကမ်းလှမ်းထားသည်ဟု တရား ဝင်ကြေညာထားသူနှစ်ဦးအနက် ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်က မတ် (၂၃) ရက်တွင် ဒုတိယအဆင့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး ကာတာဘဏ်ဥက္ကဋ္ဌ ရှိတ်ဂျက်ဆင်ကလည်း မတ်(၂၄)ရက်ညပိုင်းတွင် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုက အသင်းအား ပေါင်(၅)ဘီလီယံမှ (၆)ဘီလီယံဝန်းကျင်ဖြင့် ရောင်းချရန် ဆန္ဒရှိနေသော်လည်း ပထမအဆင့်ကမ်းလှမ်းမှုတွင် အမြင့်ဆုံးပမာဏမှာ ပေါင် (၄.၅)ဘီလီယံဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

လက်ရှိချိန်မှာလည်း ဝယ်ယူသူတွေဟာ တတိယအကြိမ်ကမ်းလှမ်းမှုပြုလုပ်ဖို့ပြင်ဆင်နေကြပြီး အဂ်လန်သတင်းအချို့ရဲ့ ဖော်ပြချက်အရတော့ ဂလေဇာမိသားစုဟာ ရသလောက်ယူဖို့အချိန်ဆွဲနေတာလို့ ရေးသားနေကြပါတယ်။