Manu sports

ယူနိုက်တက် နဲ့ အပြောင်းရွေ့ထွက်နေတဲ့ သတင်းကို မာမာထန်ထန်တုန့်ပြန်လိုက်တဲဲ့နာပိုလီကြယ်ပွင့် ကင်မင်ဂျေး

ယူနိုက်တက် နဲ့ အပြောင်းရွေ့ထွက်နေတဲ့ သတင်းကို မာမာထန်ထန်တုန့်ပြန်လိုက်တဲဲ့နာပိုလီကြယ်ပွင့် ကင်မင်ဂျေး

နာပိုလီနဲ့ တောင်ကိုးရီးယားကြယ်ပွင့် ကင်မင်ဂျယ်ဟာ ရာသီကုန်မှာ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ ကောလာဟလတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့ပါတယ်။ကင်မင်ဂျယ်သည် စီးရီးအေချန်ပီယံ လမ်းကြောင်းပေါ်မှာရှိနေတဲ့ နာပိုလီအသင်းအတွက် ပြသသည့်၎င်း၏ထူးခြားသော စွမ်းဆောင်မှုများကြောင့် ယူနိုက်တက်အပါအဝင် အခြားသောကလပ်အသင်းများစွာက ခေါ်ယူနိုင်ရန် စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် တောင်ကိုးရီးယား ကစားသမားသည် ပြီးခဲ့သည့်နွေရာသီက တရုတ်တွင်ကစားပြီးနောက် တူရကီကလပ် ဖီနာဘာချီ မှ နာပိုလီသိုရောက်ရှိလာခဲ့ပြီး နည်းပြ စပါလက်တီ၏ခံစစ်တွင် ပုံမှန်ကစားပေးကာ ယခုနှစ်ရာသီ လိဂ်၂၇ ပွဲတွင် ၂၆ ပွဲကစားကာ ၂ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းတွင်လည်း ယခုရာသီကုန်မှာ မက်ဂွါရီနှင့် လင်ဒီလော့ဖ်တို့က ထွက်ခွာဖွယ်ရှိသောကြောင့် ယခုနွေရာသီတွင်အဆိုပါတောင်ကိုးရီးယားဗဟိုခံစစ်ကစားသ မားကိုခေါ်ယူရန်တန်ဟက်ကချိတ်ဆက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

တောင်ကိုးရီးယားအသင်းဟာ မတ်လ ၂၈ ရက်နေ့မှာ နိုင်ငံတကာခြေစမ်းပွဲအဖြစ် ဥရုဂွေးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာတော့ ကင်မင်ဂျယ်ဟာ ဧပြီလ ၂ ရက်နေ့မှာ အေစီမီလန်အသင်းနဲ့ နာပိုလီအသင်း ကစားရမယ့် စီးရီးအေပွဲစဉ်မှာ ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။

သို့သော် ကင်မင်ဂျယ်က ယခုအပတ်တွင် တောင်ကိုရီးယားအသင်းနှင့် ကိုလံဘီယာတို ၂-၂ သရေကျခဲ့သည့်ပွဲစဉ်ပြီးနောက် ကောလာဟလများကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

“မင်းတို့သိတဲ့အတိုင်းပဲ၊ ဒီကောလဟာလတွေက လုံးဝမမှန်ပါဘူး။ ကျွန်တော့်အသင်းအပေါ် အာရုံစိုက်ချင်ပါတယ်။ ကျွန်တော်ကစားရမယ့် ပြိုင်ပွဲတွေ အများကြီးရှိပါသေးတယ်။ ဒီလို ကောလဟာလတွေ ထွက်နေတာ လေးနှစ်လောက်ရှိပြီ။ အဆင်မပြေဘူး။ဒီမဟုတ်တဲ့ ဇာတ်လမ်းတွေကို မဖြန့်စေချင်ဘူး။

အပြောင်းအရွှေ့ကောလာဟလတွေက မမှန်တာကြောင့် ကျွန်တော်စိတ်မပူရပါဘူး။ အခုကျွန်တော်က ဒီလိုမျိုး အဓိပ္ပာယ်မရှိတာထက် အသင်းကို အာရုံစိုက်နေပါတယ်။ အရေးကြီးတဲ့ပွဲတွေ အများကြီး ရှိနေပြီဖြစ်ပြီး အခုချိန်မှာတော့ နာပိုလီကိုပဲ အာရုံစိုက်ချင်ပါတယ်”ဟု ကင်မင်ဂျယါက ပြောကြားခဲ့ပါတယ်။