ယူနိုက်တက်ကြယ်ပွင့်ကို အရခေါ်ယူဖို့ကြိုးပမ်းလာတဲ့ ချဲလ်ဆီးအသင်း
ချယ်လ်ဆီးအသင်းဟာမန်ချက်စတာယူနိုက်တက်ဂိုးသမားဟန်ဒါဆင်ကိုခေါ်ယူဖို့ အံ့အားသင့်စရာ ပစ်မှတ်ထားနေပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဟန်ဒါဆင်ဟာ ယူနိုက်တက်အကယ်ဒမီကနေ
ထွက်ပေါ်ခဲ့တဲ့ ဂိုးသမားတစ်ဦးဖြစ်ပေမယ့် စီနီယာအသင်းမှာစပိန်ဝါရင့်ဂိုးသမားဒီဂီယာ လက်စွမ်းပြနေတာကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ရှက်ဖီးယူနိုက်တက်အသင်းဆီ အငှားနဲ့သွားကစားခဲ့ရသလို
ဒီရာသီအစပိုင်းမှာလည်း နော်တင်ဟမ်ဖော်ရက်စ်အသင်းကိုတစ်ရာသီအငှားနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းမှာဆီနီဂေါလက်ရွေးစင်ဂိုးသမားမန်ဒီဟာ စိတ်ပျက်စရာစွမ်းဆောင်ရည်ကြောင့်
အရန်ခုံထိုင်နေရသလို လာမယ့်နွေရာသီကျရင် အသင်းနဲ့လမ်းခွဲဖို့နီးစပ်နေပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ တကယ်လို့ မန်ဒီနဲ့လမ်းခွဲဖြစ်ရင်အသင်းမှာအဓိကဂိုးသမားအဖြစ် ကီပါ တစ်ဦးတည်းသာ
ရှိတော့တဲ့အတွက် ချယ်လ်ဆီးအသင်းက ဟန်ဒါဆင်ကို ခေါ်ယူဖို့ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာဟန်ဒါဆင်ကို နောက်တစ်ရာသီ အငှားနဲ့ဆက်ခေါ်ချင်နေပေမယ့်သူတို့အသင်း ပရီးမီးယားလိဂ်မှာ ဆက်လက်ကစားခွင့်ရ၊ မရအပေါ်မူတည်နေပါတယ်။
ဟန်ဒါဆင်ကို ချယ်လ်ဆီးအပြင် လန်ဒန်မြို့ခံပြိုင်ဘက်စပါးအသင်းကလည်း ဝါရင့်ဂိုးသမားလိုရစ်နေရာမှာ အစားထိုးဖို့ ခေါ်ယူလိုနေပါတယ်။