Manu sports

ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေတဲ့ အီတလီကြယ်ပွင့်ကို ကြားဖြတ်ခေါ်ယူချင်နေတဲ့ ယူနိုက်တက်

ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေတဲ့ အီတလီကြယ်ပွင့်ကို ကြားဖြတ်ခေါ်ယူချင်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆာဆူအိုလိုအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ Davide Frattesi ကို ဂျုဗင်တပ်အသင်းနဲ့ အပြိုင်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အီတလီသားဟာ ဒီရာသီမှာဆာဆူအိုလိုအသင်းအတွက် အထင်ကြီးစရာပုံစံမျိုးကို ပြသနေပြီးတော့ဥရောပတစ်ခွင်က အသင်းကြီးတွေရဲ့ အာရုံကို ဖမ်းစားထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရတော့မန်ယူအသင်းဟာ ဒီရာသီပြိုင်ပွဲစုံ ၂၈ ပွဲကစားထားရာမှာ ခြောက်ဂိုးသွင်းယူထားတဲ့အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Frattesi ကို စောင့်ကြည့်နေကြောင်းသိရတာ ဖြစ်ပါတယ်။

Frattesiဟာပြေးအားနှုန်းနဲ့ပါဝါတို့မှာ အထူးကောင်းမွန်တဲ့ box-to-box ကွင်းလယ်ကစားသမားဖြစ်ပြီးတော့ ဆာဆူအိုလိုအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ သူ့ရဲ့ တည်ငြိမ်တဲ့ခြေစွမ်းကြောင့် ချီးကျုးခံထားရတာ ဖြစ်ပါတယ်။

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟန့်ကတော့ အသင်းကွင်းလယ်မှာ ကတ်စ်မဲရိုး၊ ခရစ္စတန်ဆန် အဲရစ်ဆန်၊ဖရက်ဒ်နဲ့ စကော့ မတ်တော်မီနေးတို့ရှိနေပေမယ့်၊ ထပ်မံတိုးမြှင့်သွားမယ့်သဘောမှာ ရှိနေပါတယ်။

ဒါပေမယ့်တော်မီနေးဟာနယူးကာဆယ်အသင်းကစိတ်ဝင် စားနေတယ်လို့ သတင်းတွေ ထွက်ထားသလို၊ ဆာဘစ်ဇာကလည်းဒီရာသီ အကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ပြန်သွားဖို့ သေချာသလောက်ဖြစ်နေပါတယ်။

Frattesi ကို စိတ်ဝင်စားနေတဲ့အသင်းဟာ မန်ယူတစ်သင်းတည်းတော့မဟုတ်ပဲ၊ဂျုဗင်တပ်ကလည်း စိတ်ဝင်စားနေပြီး လူငယ်ကစားသမားကို နွေရာသီမှာအဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ Frattesi ရဲ့ တန်ကြေးကတော့ဈေးကွက်ထဲမှာ ယူရို ၂၂ သန်းခန့်သာ ရှိနေတာ ဖြစ်ပါတယ်။