Manu sports

စာချုပ်သစ်ကို ငြင်းပယ်ပြီး အသင်းပြောင်းဖို့ပြင်ဆင်နေတဲ့ ယူနိုက်တက်ကြယ်ပွင့်

စာချုပ်သစ်ကို ငြင်းပယ်ပြီး အသင်းပြောင်းဖို့ပြင်ဆင်နေတဲ့ ယူနိုက်တက်ကြယ်ပွင့်

စပိန် လက်ရွေးစင် ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့သက်တမ်းတိုးစာချုပ်သစ် အတွက် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း သတင်း ထွက်လာပါတယ်။

အသက် ၃၂ နှစ် အရွယ် ဂိုးသမားရဲ့ လက်ရှိ စာချုပ်က ဒီရာသီ အကုန်မှာ ကုန်ဆုံးတော့မှာပါ။ ၂၀၁၁ ခုနှစ်တည်းက စလို့ အိုးထရက်ဖို့ဒ် ရောက်လာခဲ့တဲ့ ဒီဂီယာဟာ မန်ချက်စတာ ကလပ် အတွက် ပွဲပေါင်း ၅၂၉ ပွဲ ပါဝင် ကစားထားပါတယ်။

နည်းပြကြီးတန်ဟဂ် က ကစားသမားတွေကို က လုပ်ခလစာ တိုးမြှင့်ပေးချေတာမျိုး ခွင့်မပြုပဲ အခြေခံလစာအဖြစ် ပေါင်(၂)သိန်း သတ်မှတ် ထားကာ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး လစာ တိုးမြှင့်ပေးချေမယ့် စနစ်ကို အကောင်ထည် ဖော်မှာဖြစ်တာကြောင့်လည်း ဒဟေးယား ကို စာချူပ်အဟောင်း ပယ်ဖျတ်ပြီး အသစ်ချုပ်ဆို ရန်သာဖိအားပေးနေတာဖြစ်ပါတယ်။

စာချုပ်သစ်အရဒီဂီယာဟာ အခြေခံလစာ ပေါင်(၂)သိန်း ရရှိမှာဖြစ်ပြီး ပွဲထွက်ကစားတဲ့ အရေတွက်၊ပေးဂိုးမဲ့ပွဲအရေအတွက်၊ကာကွယ် နိုင်မှုတို့အပေါ် မူတည်ကာ လုပ်ခလစာက ပေါင်(၃)သိန်းအထိ မြင့်တက်မှာလည်းဖြစ်ပါ တယ်။

တန်ဟဂ် က လာမယ့်နွေမှာ ဂိုးသမား တစ်ဦး ထပ်မံခေါ်ယူမှာဖြစ်လို့ ဒဟေးယား အနေနဲ့ ပွဲဆက်ကစားခွင့်ရဖို့မသေချာပဲ နံပတ် တစ်နေရာကို စွန့်လွှတ်ရဖို့လည်းရှိပါတယ်။ဒီဂီယာရဲ့ အခုလို စာချုပ်သစ် ငြင်းဆန်မှုကြောင်း နည်းပြ တန်ဟက်ဟာ ဘောလုံး ကိုင် ကစားနိုင်တဲ့ ဂိုးသမား တစ်ယောက် ရှာဖွေ ခေါ်ယူဖွယ် ရှိပါတယ်။