sports Manu

ယူနိုက်တက်အသင်း ရဲ့ နောက်ဆုံးရစိတ်ဝင်စားဖွယ် အပြောင်းရွေ့သတင်းများ

ယူနိုက်တက်အသင်း ရဲ့ နောက်ဆုံးရစိတ်ဝင်စားဖွယ် အပြောင်းရွေ့သတင်းများ

မန်ချက်စတာယူနိုက်တဒ်ဟာ နွေရာသီပြောင်းရွှေ့ကြေးဘတ်ဂျက်တိုးမြှင့်ရန်နှင့် FFP ၏ကန့်သတ်ထားသည့်စည်းမျဉ်းများကိုလိုက်နာရန်အတွက် စီနီယာကစားသမားများစွာအတွက်ကမ်းလှမ်းမှုများကိုလက်ခံသွားရန် အဆင် သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရပါသည်။

ပရီးမီးယားလိဂ်မှကလပ်အသင်းများနှင့် အခြားဥရောပလိဂ်များမှကလပ်များသည်Scott McTominay , Harry Maguire,VictorLindelof နှင့် Dean Henderson တို့ကို လာမယ့်နွေရာသီတွင်ခေါ်ယူရန်စိတ်ဝင်စားနေကြပါသည်။

Elangaနှင့်Williamsတို့ကို လာမည့်ရာသီမှာ အဌားချထားဖွယ်ရှိနေပြီးအဌားထွက်ကစားနေတဲ့Eric Bailly နှင့်AlexTellesတို့ကို ဒီရာသီကုန်မှာ အသင်းကနေထွက်ခွာခွင့်ပြုထားပါတယ်။

ဘာစီလိုနာလူငယ်ကြယ်ပွင့်အန်ဆုဖာတီဟာ သူ့ရဲ့အနာဂတ်အတွက် အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုက အဆင်မပြေဖြစ်ခဲ့တယ်လို့ သတင်းထွက်နေပြီး အန်ဆုဖာတီကိုခေါ်ယူဖို့

မန်ချက်စတာ ယူနိုက်တက်အသင်းက စိတ်ဝင်စားနေပါတယ်။သူ့ရဲ့အေးဂျင့်ဖြစ်သူ နာမည်ကျော် ဂျော့ချ်မန်ဒက်စ်ကလည်း အန်ဆုဖာတီရဲ့အပြောင်းအရွှေ့ကိစ္စအတွက် ဥရောပထိပ်သီး ကလပ်တွေကို ကမ်းလှမ်းထားပါတယ်။

Bentford အသင်းသည်စာချုပ်သစ် ချုပ်ဆိုရန်နှစ်ကြိမ်အထိ ကမ်းလှမ်းမှုအားငြင်းပယ်ထားတဲ့David Raya နေရာမှာအစားထိုးရန် ဂိုးသမားအသစ် ရှာဖွေနေပြီ ဖြစ်သည် ။

Manchester United အသင်းကလည်းခေါ်ယူရန် စိတ် ဝင်စားနေပြီးDavid Rayaရဲ့ပြောင်းရွှေ့ကြေးသည်Porto ဂိုးသမား Costa ထက် နည်းပြီးခန့်မှန်းခြေ ပေါင် သန်း (40) သာ ရှိသည် ။