ယူနိုက်တက် ပရိသတ်တွေ ရဲ့ အချစ်တွေ ကို ထက်မံယူလိုက်ပြန်တဲ့ တိုက်စစ်မှုး ရက်ရှ်ဖိုဒ်
နိုင်ငံတကာသီတင်းပတ်အပြီးမှတစ်ယောက်တည်းလေ့ကျင့် ခန်း လုပ်နေတဲ့ဓာတ်ပုံတွေကို လိုင်းပေါ်မှာ ထုတ်ပြလိုက်တဲ့နောက်နယူးကာဆယ်နဲ့ပွဲမှာအစွမ်းကုန် လုပ်ပြဖို့အတွက် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုမန်ယူပရိသတ်တွေ တောင်းဆိုနေကြပါပြီ။
ရက်ရှ်ဖို့ဒ်ဟာပြီးခဲ့တဲ့နိုင်ငံတကာ သီတင်းပတ်မှာ အင်္ဂလန်အသင်းနဲ့ မပူးပေါင်းခဲ့ဘဲအားလပ်ရက်ခရီးတစ်ခု ထွက်သွားခဲ့တာကြောင့် အင်္ဂလန်ကစားခဲ့တဲ့ အီတလီ၊ယူကရိန်းတို့နဲ့ပွဲတွေကို လွဲခဲ့ရပါတယ်။
နယူးယော့ခ်မှာ ချစ်သူကောင်မလေးနဲ့အတူ အနားယူခဲ့ပြီးတဲ့နောက် လက်ရှိအချိန်မှာတော့ မန်ယူရဲ့ အဓိကတိုက်စစ်မှူး ရှက်ရှ်ဖို့ဒ်ဟာ ကာရင် တန်လေ့ကျင့်ရေးကွင်းကိုပြန်ရောက်လာနေပြီး လေ့ကျင့်ခန်းတွေ လုပ်နေပြီ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာပြဿနာ နည်းနည်းပါးပါးရှိနေတဲ့အတွက်အင်္ဂလန်နဲ့ မပူးပေါင်းခဲ့တာဖြစ်တယ်လို့ သတင်းတွေထွက်ခဲ့တဲ့အတွက်သရဲနီ ပရိသတ်တွေ စိုးရိမ်ခဲ့ပေမဲ့လည်း နောက်ဆုံး တင်လိုက်တဲ့ဆိုရှယ်မီဒီယာ ပို့စ်တွေကြောင့် လာမယ့် နယူးကာဆယ်ပွဲမှာ အင်္ဂလန်သားတော့ရှယ်လုပ်ပြတော့မယ်လို့ သရဲနီ ပရိသတ်တွေ ယူဆနေပါတယ်။
အသက်၂၅ နှစ်အရွယ်ရက်ရှ်ဖို့ဒ်ဟာGymမှာ လေ့ကျင့်ခန်းလုပ်နေတဲ့ ပုံတွေကို လူမှုကွန်ရက် မှာ တင်ထားခဲ့တာပါ။နောက်ပြီး အဲဒီဓာတ်ပုံတွေအတွက် ရေးထားတဲ့ ခေါင်းစဉ်ကလည်းတိုးတက်မှုနဲ့ စွမ်းဆောင်ရည်အပေါ် အကောင်းမြင်မှု’’ လို့ တွေ့ရပါတယ်။
ဒါ့အပြင် အဲဒီခေါင်းစဉ်မှာ သုံးထားတဲ့ Emoji လေးတွေကလည်း တစ်ခုကဖုန်းဘက်ထ္ထရီ အားပြည့်နေတဲ့ပုံလေးဖြစ်ပြီး နောက်တစ်ခုကတော့ သန်မာထွားကျိုင်းတဲ့လက် မောင်းပုံဖြစ်ပါတယ်။ ဒါကြောင့် ဒီပို့စ်ဟာ ယူနိုက်တက်ပရိသတ်တွေကိုရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့ပါတယ်။
ရာသီရဲ့ နောက်ဆုံးအပိုင်းက စိုးရိမ်စရာ ကောင်းလာတော့မှာပါ။ ဒါပေမဲ့ ငါတို့အတွက်တော့မဟုတ်ဘူး’’ လို့ ပရိသတ် တစ်ယောက်က လူမှုကွန်ရက် မှာ ရေးသားခဲ့ပါတယ်။ဒုတိယ တစ်ယောက်ကတော့ ‘’တနင်္ဂနွေနေ့မှာ လုပ် ပြလိုက်တော့’’ လို့ ရေးခဲ့ပါတယ်။
တတိယ တစ်ယောက်ကလည်း အဲဒီအ တိုင်း ထိန်းထား ဘရို၊ မင်းဆီကနေပြီးငါတို့ ဂိုးတွေ အများကြီး မျှော်လင့်နေ တယ်’’ လို့ ရေးခဲ့ပါတယ်။နောက်ထပ် တစ်ယောက်ကလည်း ‘’ဘုရင်ကြီး တော့ လုပ်နေပြီ’’ လို့ ရေးခဲ့တာပါ။အဲဒီနေရာမှာ နောက်ထပ် တစ်ယောက် ကတော့ လာနေပြီဆိုတာကိုနယူးကာဆယ်တော့ ကြည့်ရဲမှာ မဟုတ်လောက်ဘူး’’ လို့ ရေးသားခဲ့ပါတယ်။