ယူနိုက်တက် ပရိသတ်တွေကျေနပ်စေမယ့် သတင်းစကားအချို့ကို ထုတ်ပြောလိုင်တဲ့ ဒီဂီယာ
ယူနိုက်တက်အသင်းရဲ့ စာချုပ်သက်တမ်းတိုး ကမ်းလှမ်းမှုကိုပယ်ချခဲ့တယ်လို့သတင်းတွေ ကြီးခဲ့ပေမဲ့လည်း လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဂိုးသမားဒီဂီယာက ယူနိုက်တက်ကို အရမ်းချစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
စပိန်သား ဂိုး သမားဟာ လက်ရှိစာချုပ်သက်တမ်းအရ နောက်ဆုံး အချိန်ကိုရောက်လာပြီ ဖြစ်ပြီး လစာလျှော့ယူရင်း စာချုပ်သက်တမ်းတိုးဖို့အတွက်ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုတစ်ရပ်ကို အခုလထဲမှာ ပယ်ချခဲ့တယ်လို့သတင်းထွက်ခဲ့သူဖြစ် ပါတယ်။
ယူနိုက်တက်ရဲ့ လုပ်ခလစာ အများဆုံးကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နေတဲ့ ဒီဂီယာဟာနည်းပြဟောင်း အဲလက်စ် ဖာဂူဆန်ရဲ့ လက်ထက်ကတည်းကအိုးလ်ထရက်ဖို့ဒ်မှာ ရှိနေခဲ့သူဖြစ်ပြီး အသင်းရဲ့ သက်တော်ရှည်ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။
လစာ လျှော့ယူဖို့အတွက်ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့် အက်သလက်တီကိုဂိုးသမားဟောင်းရဲ့ အနာဂတ်ဟာ မသေချာတော့ဘူးလို့ ဆက်စပ်သတင်းတွေထွက်လာခဲ့ပေမဲ့လည်း ဒီဂီယာကတော့ ယူနိုက်တက်မှာ ဆက်နေဖို့ ဆန္ဒရှိတယ်လို့တရားဝင် ထုတ်ပြောလာပြီဖြစ်ပါတယ်။
ကျွန်တော် ဒီမှာ နှစ်တွေတော်တော်ကြာနေပါပြီ။ ဒီမှာရှိတဲ့ အချိန်တိုင်းကိုလည်း ပျော်ရွှင်ရပြီးပွဲတွေလည်း အများကြီး ကစားခဲ့ပါတယ်။ ဟုတ်ပါတယ်။ဒီမှာရှိနေရတာကိုက ကျေနပ်စရာပါ။ ဒီအသင်းက ကြီးမြတ်တဲ့အသင်းတစ်သင်းဖြစ်ပြီးဒီကလပ်ကို ကျွန်တော် ချစ်သလို ဒီမှာလည်းကျွန်တော် အရမ်းကို ပျော်နေပါတယ်။
ပြီးခဲ့တဲ့နှစ်တွေတုန်းကလိုပဲပေါ့။ကစားသမားတွေနဲ့ပတ် သက်ပြီး ပြောကြ ဆိုကြတာတွေက တော်တော်လေးများပါတယ်။ဒါပေမဲ့ ကစားသမားတွေကတော့ ပွဲတွေအပေါ်မှာပဲအာရုံစိုက်ထားတာပါ။အထူးသဖြင့် တနင်္ဂနွေနေ့မှာ က စားမယ့်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးတယ်။
ဘာကြောင့်လဲဆို တော့ ကျွန်တော်တို့က အဆင့် ၄ နေရာနဲ့ရာသီအဆုံးသတ်ချင်တာပါ’လို့ ဒီဂီယာက Sky Sport သတင်းဌာနကိုပြောသွားခဲ့တာဖြစ်ပါတယ်။ မန်ယူဟာ လာမယ့် တနင်္ဂနွေနေ့ကျရင်နယူးကာဆယ်အသင်းရဲ့ စိန့်ဂျိမ်းပါ့ခ်ကွင်းကို သွားပြီး ပရီးမီးယားလိဂ် ပွဲစဉ်ရင်ဆိုင်ရမှာဖြစ်ပါတယ်။