Manu sports

ဥရောပအသင်းကြီးတွေ မျက်စိကျနေတဲ့ အနာဂတ်လူငယ်ကြယ်ပွင့်လေးကို လက်ဦးမှုရအောင်ခေါ်ဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်

ဥရောပအသင်းကြီးတွေ မျက်စိကျနေတဲ့ အနာဂတ်လူငယ်ကြယ်ပွင့်လေးကို လက်ဦးမှုရအောင်ခေါ်ဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမည့်အပြောင်းအရွေ့မှာ အသင်းရဲ့ကစားသမားအများအစုကိုရောင်းချသွားမှာဖြစ်ပြီးကစားသမားအသစ်ခေါ်ယူမှုတွေပါ လုပ် ဆောင်သွားတော့မှာဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်အသင်းဟာ ကွင်းလယ်နဲ့တိုက်စစ်ကစားသမားအများစုကို ပစ်မှတ်ထားကာ စောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ပြင်သစ်လက်ရွေးစင်အဖြစ် ပူပူနွေးနွေးရွေးချယ်ခံထားရသော အသက် ၂၁ နှစ်ရှိ နိုက်စ်ကွင်းလယ်လူ ခေဖရန်သူရမ်အား နွေဈေးကွက်အတွက်အပြိုင်စိတ်ဝင်စားနေပြီး၎င်း၏တန်ဖိုးမှာ ယူရိုသန်း ၄၀ ဝန်းကျင်ဖြစ်သည် ။

ကစားသမားလေးကိုဥရောပထိပ်သီးကလပ်တွေကစောင့်ကြည့်နေပြီးအနာဂတ်ရဲ့ကွင်းလယ်အင်ဂျင်အဖြစ်သတ်မှတ် ခံထားရသူဖြစ်ပါတယ်။

၎င်းသည် နာမည်ကျော်ပြင်သစ်နောက်ခံလူ Lilian Thuram ၏သားဖြစ်ပြီး အခြားသောပြင်သစ်လက်ရွေးစင်ဖြစ်သည့် မွန်ချန်ဂလာဘက်တိုက်စစ်မှူး မားကဒ်သူရမ် ၏ညီဖြစ်သည် ။