နယူးကာဆယ်နဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲ မှာ တန်ဟက်ဂ် ပြောခဲ့တဲ့စကားကြောင့် နေရာပျောက်ဖို့ရှိနေတဲ့ ကြယ်ပွင့်တိုက်စစ်မှုး
လက်ကျန်ပွဲစဉ်တွေမှာအသင်းအတွက် ဂိုးတွေ ပိုသွင်းပေးကြဖို့အတွက်နည်းပြ အဲရစ်တန်ဟတ်ကမန်ယူကစားသမား ၅ ယောက်ကို တိုက်တွန်း လိုက်ပေမဲ့တိုက်စစ်မှူး ဝုဒ်ဗက်ဟော့တ်ကိုတော့ ဖယ်ထားလိုက်ပါတယ်။
ကာရာဘောင်ဖလားကို ရပြီးတဲ့နောက် သရဲနီတွေဟာဒီနှစ်ပရီမီးယားလိဂ်ပွဲစဉ်တွေအပြီးမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရယူပြီး ရာသီသိမ်းနိုင်ဖို့ ပစ်မှတ်ထားနေသလိုအလုံးစုံ မှီခိုအားထားနေရတာမျိုး ရှိတဲ့အတွက် နည်းပြ အဲရစ်တန်ဟတ်အဖို့ စိုးရိမ်စရာ ဖြစ်လာနေပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၇ ဂိုးအထိ သွင်းပေးထားသူဖြစ်ပြီးမန်ယူအသင်း ဒုတိယ သွင်းဂိုးအများဆုံး ကစားသမားထက် ၁၇ ဂိုး ပိုပြီး သွင်းထားပါတယ်။
ဒါပေမဲ့ ပြိုင်ဘက်ဂိုးသမားတွေ ပိုပြီး စိုးရိမ်စိတ်ဝင်ဖို့အ တွက် ကြိုးစားပေးကြဖို့ကို နယူးကာဆယ်နဲ့ပွဲအတွက်လုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ တန်ဟတ်က အခုလို ပြောပါတယ်။
ကျွန်တော်တို့မှာ ဘရူနိုဖာနန် ဒက်စ်၊ ဂျေဒန်ဆန်ချို၊ အန်သိုနီမာရှယ်၊ အန်တိုနီတို့လို ကစားသမားမျိုးတွေ ရှိပါတယ်။ဂိုးတွေသွင်းဖို့အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ကစား သမားတွေရှိနေတယ်ဆိုတာ အသေအချာပါပဲ။
ကျွန်တော် အရင်က ပြောခဲ့ သလိုပေါ့လေ။ လာမယ့်အပြောင်းအရွှေ့ရာသီအတွက် နောက်ကွယ်မှာ အလုပ်လုပ်နေတာမျိုးရှိတယ်။ဒါပေမဲ့ အခုလက်ရှိက ဒီရာသီအတွက် အလုပ် လုပ်နေတာ။
ဒါကြောင့် ပထမဆုံး သေချာအောင် လုပ်ရမှာက အကုန်ုလုံး ကစားခွင့်ရဖို့နဲ့ ကစားပုံ တိုးတက်လာဖို့ဖြစ်တယ်။နောက်ပြီးဒါဟာဂိုးတွေ ပိုပြီး သွင်းပြဖို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်တယ်’’ လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောသွားခဲ့တာပါ။
ဒီလို ပြောတဲ့အထဲမှာတော့ တိုက်စစ်မှူး ဗက်ဟော့တ်ရဲ့ နာမည် ပါမလာခဲ့တာကို ထူးထူးခြားခြား တွေ့ခဲ့ရပါတယ်။မန်ယူကွင်းလယ်လူ တွမ်မီနေးဟာ စကော့တလန်အတွက် ကစားပေးခဲ့တဲ့ ပွဲမှာ ဂိုးတွေသွင်းနိုင်ခဲ့လို့တိုက်စစ်မှူးနေရာမှာ ကစားပေးဖို့အတွက် သရဲနီ ပရိသတ်တချို့ တောင်းဆိုတာမျိုးတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ နယ်သာ လန်တိုက်စစ်မှူး ဗက်ဟော့တ်ကတော့ ပြီးခဲ့တဲ့ နိုင်ငံတကာ သီတင်းပတ်ထဲ မှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ယူရိုပါလိဂ်နဲ့ အက်ဖ် အေဖလားမှာလည်း ဗိုလ်စွဲဖို့ အားစိုက်နေတဲ့အသင်းဖြစ်ပါတယ်။