Manu sports

နယူးကာဆယ် နဲ့ ပွဲမှာတပည့်ကျော်(၂ )ဦးလုံးကို ထဲ့သွင်းကစားဖို့ စီစဥ်နေတဲ့ နည်းပြ တန်ဟက်ဂ်

နယူးကာဆယ် နဲ့ ပွဲမှာတပည့်ကျော်(၂ )ဦးလုံးကို ထဲ့သွင်းကစားဖို့ စီစဥ်နေတဲ့ နည်းပြ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေ မြန်မာစံတော်ချိန် ည(၁၀:၀၀)နာရီကျရင် ပရီးမီးယားလိဂ်အဝေးကွင်းပွဲအဖြစ်နယူးကာဆယ်နဲ့ ရင်ဆိုင်ကစားသွားမှာဖြစ်ပြီး အဲဒီပွဲမှာ အဓိကတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အပြင်ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ မာစီယဲလ်လည်း ပါဝင်ကစားနိုင်ဖို့ရှိပါတယ်။

ဒီရာသီပြိုင်ပွဲစုံမှာ (၂၇)ဂိုးအထိ သွင်းယူခဲ့သူ ရပ်ရှ်ဖို့ဒ်ဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင်နောက်ဆုံးကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ FA ဖလားပွဲမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန်(၈၃)မိနစ်မှာ ဖရက်ဒ်နဲ့ လူစားလဲခံခဲ့ရပါတယ်။

အဲဒီဒဏ်ရာကြောင့် ရပ်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းရဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲတွေအတွက် လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီးနယူးကာဆယ်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဖြစ်နေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ဒါပေမဲ့အခုနည်းပြအဲရစ်တန်ဟက်ကရပ်ရှ်ဖို့ဒ်ဟာသောကြာ နေ့ကတည်းက အသင်းနဲ့အတူရာနှုန်းပြည့်လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်တဲ့အတွက် နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်ကစားမယ့်အနေထားရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အဲရစ်တန်ဟက်က“လာမယ့်ပွဲကျရင် ရပ်ရှ်ဖို့ဒ် ပါဝင်ကစားနိုင်မယ်လို့ ကျွန်တော် အကောင်းဆုံးမျှော်လင့်ထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ရပ်ရှ်ဖို့ဒ်ဟာ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပေမယ့်ဆေးကုမှုခံယူခဲ့ရသလိုတစ်ဦးချင်းလေ့ကျင့် ခန်းသာ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့မှာတော့ အသင်းနဲ့အတူ ရပ်ရှ်ဖို့ဒ် ပူးပေါင်းနိုင်ပြီဖြစ်ပါတယ်။ အချိန်တစ်ရက်လောက်ရသေးတာကြောင့်နယူးကာဆယ်နဲ့ပွဲမှာရပ်ရှ်ဖို့ဒ်ပါဝင်နိုင်ဖို့ကျွန်တော်သေချ ာပေါက်မျှော်လင့်ထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဲရစ်တန်ဟက်က နယူးကာဆယ်နဲ့ပွဲမှာ မာစီယဲလ်လည်း ပါဝင်နိုင်ဖို့ရှိတယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။မာစီယဲလ်ဟာ ဒီရာသီမှာ (၁၄)ပွဲကစား၊ (၆)ဂိုးသွင်းယူခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီးတင်ပါးဒဏ်ရာကြောင့် ဖေဖော်ဝါရီ(၁)ရက်ကတည်းက ယူနိုက်တက်အသင်းအတွက် မကစားနိုင်တော့ပါဘူး။

အဲရစ်တန်ဟက်ကမာစီယဲလ်ဟာ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတည်းက လေ့ကျင့်ခန်းဆင်းနေပြီဖြစ်တဲ့အတွက်အခုပွဲမှာ သူ ပါဝင်ကစားနိုင်ဖို့ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။