Manu sports

နယူးကာဆယ်နဲ့ ပွဲမှာယူနိုက်တက်ပရိသတ်တွေ စိတ်ပျက်စေမယ့်ရလဒ်မျိုးထွက်ပေါ်လိမိ့မယ့်လို့ ခန့်မှန်းပေးခဲ့တဲ့ ပေါလ်မာဆန်

နယူးကာဆယ်နဲ့ ပွဲမှာယူနိုက်တက်ပရိသတ်တွေ စိတ်ပျက်စေမယ့်ရလဒ်မျိုးထွက်ပေါ်လိမိ့မယ့်လို့ ခန့်မှန်းပေးခဲ့တဲ့ ပေါလ်မာဆန်

နိုင်ငံတကာ ပွဲစဉ်တွေကြောင့် ရက်သတ္တပတ် ၂ပတ်ကျော်ကြာရပ်နားထားခဲ့ရတဲ့ ကလပ်အသင်းပွဲစဉ်တွေ ပြန်လည်စတင်ပါပြီ။ဒီတစ်ပတ်မှာတော့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၉)အဖြစ် နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။

လက်ရှိ အမှတ်ပေးဇယား အဆင့်(၃)နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်နဲ့ အဆင့်(၅)နေရာမှာ ရှိနေတဲ့ နယူးကာဆယ်တို့ဟာ(၂၆)ပွဲစီကစားထားသလို ဒီ၂သင်းကြား ရမှတ်ကွာဟမှုကလည်း (၃)မှတ်သာ ကွာဟနေပါတယ်။

ဒါ့အပြင်ယူနိုက်တက်အသင်းရဲ့ရဂိုး၊ပေးဂိုးဂိုးကွာဟချက်က (+၆)ဂိုးသာရှိနေချိန်မှာနယူးကာဆယ်တို့ကတော့ ရဂိုး၊ ပေးဂိုး ကွာခြားချက် (+၂၀)အထိရှိနေတာကြောင့်ဒီပွဲအနိုင်အရှုံးဟာအမှတ်ပေးဇယားအဆင့်(၃)နေရာ ရပ် တည်ချက် အပြောင်းအလဲ ဖြစ်သွားနိုင်တဲ့အနေအထားရှိနေပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ပေါလ်မာဆန်က နယူးကာဆယ်နဲ့ ယူနိုက်တက်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

နယူးကာဆယ်တို့အတွက် အဆင့် ၄ ကို လုမယ့်သူတွေ များပြားနေချိန်မှာ အကြွေးဆပ်ရမယ့် ရန်သူတော်ကြီးကအချိန်ကိုက်ရောက်လာလို့ အခွင့်အရေးယူနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ခေတ်ဦး အလန်ရှီးရား ပြောင်းလာခဲ့ချိန်လောက်တုန်းကဆိုရင်တော့ ဒီနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်တတ်ပြီးလက်ရှိမှာတော့ ဆော်ဒီတွေရဲ့ အားပေးမှုမှာ သရဲနီတွေကို ငှက်ကျားတွေ ခြိမ်းခြောက်နိုင်စွမ်း ရှိလာခဲ့တာပါ။

အီဆက်ခ်ရဲ့ခြေစွမ်းပြမှုက အိမ်ရှင်တွေအတွက် အားတက်ချင်စရာဖြစ်ပြီးလောလောဆယ်မှာ ယူနိုက်တက်က ကစားတာ အကောင်းကြီး မဟုတ်ပါဘူး။သူတို့က မားကပ် ရက်ဖို့ဒ် သွင်းဂိုးတွေကို မှီခိုနေရတယ်။

အဆင့် ၃ ကို အလွယ်တကူ သိမ်းပိုက်နိုင်စွမ်းရှိတဲ့ ယူနိုက်တက်တို့ လာမယ့်ပွဲမှာ ရှုံးသွားနိုင်ပါတယ်။”လို့ ဆိုပါတယ်။ပေါလ်မာဆန်ရဲ့ခန့်မှန်းချက်ကတော့ နယူးကာဆယ် 2-1 ယူနိုက်တက် ဖြစ်ပါတယ်။