ပေါ်တူဂီကြယ်ပွင့် ကို ခေါ်ယူဖို့အတွက် အနီးစပ်ဆုံးအခြေနေတစ်ခုရောက်နေပြီဖြစ်တဲ့ ယူနိုက်တက်အသင်း
မန်ယူနိုက်တက်အသင်းဟာယခုနွေရာသီတွင် ကမ္ဘာ့အဆင့်မီတိုက်စစ်မှူးတစ်ဦးကိုဦးစားပေးခေါ်ယူသွားမည်ဖြစ် ကြောင်းသိရသည်။
မန်ချက်စတာယူနိုက်တက် အသင်း ဟာ ဘင်ဖီကာရဲ့ပေါ်တူဂီတိုက်စစ်မှုးဖြစ်သူ ဂွန်ကာလို ရာမို့စ် ကို ခေါ်ယူရန်အတွက် စိတ်ဝင်စား နေဆဲ ပဲ ဖြစ် ပါတယ်။
ဘင်ဖီကာအသင်းသည် ရာမို့စ်၏ စာချုပ်ကို သက်တမ်းတိုးရန် ယမန်နှစ်က ကတိပြုထားသော်လည်း ကတိမတည်မှုတွေက ကစားသမားဘက်ကစိတ်ပျက်နေခဲ့ပြီး အသင်းပြောင်းဖို့ရှိနေပါတယ်။
ရာမို့စ်ဟာ ဒါဝင်နူးနက်ဇ်ထွက်သွားတဲ့ ဘင်ဖီကာတိုက်စစ်ကို ပုံပျက်မသွားအောင် အကောင်းဆုံးဖြည့်ကစားပေးနိုင်ခဲ့သူတစ်ယောက်ပါပဲ။ ဘင်ဖီကာအတွက် ဒီရာသီ ပြိုင်ပွဲစုံ၂၉ပွဲမှာ ၁၈ဂိုးသွင်းယူ
ပေးထားခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားမှာလည်း ပေါ်တူဂီအတွက် အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့်ပရီးမီးယားလိဂ်ကလပ်အသင်းတွေအပါအဝင် ထိပ်တန်းကလပ်တချို့က သူ့ကိုစောင့်ကြည့်နေခဲ့ပြီဖြစ်ပါတယ်။
လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရယူနိုက်တက်အသင် ဟာ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကို ခေါ်ယူရန် ပြောဆိုဆွေးနွေးနေမှုတွေ စတင်နေပြီဖြစ်တယ်လို့ ဖော်ပြလာကြပါတယ်။
ယူနိုက်တက်နည်းပြချုပ် အဲရစ်တန်ဟတ်သည် ဘင်ဖီကာကြယ်ပွင့် ဂွန်ကာလိုရာမို့စ်ကို ယခုနွေရာသီတွင် ပေါင် 88 သန်းတန်ကြေးရှိသော စာချုပ်ဖြင့် ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။