Manu sports

အသင်းဟောင်းမှာပဲ ပြန်ကစားချင်တယ်လို့ ထုတ်ပြောလိုက်တဲ့ ယူနိုက်တက်ကြယ်ပွင့်

အသင်းဟောင်းမှာပဲ ပြန်ကစားချင်တယ်လို့ ထုတ်ပြောလိုက်တဲ့ ယူနိုက်တက်ကြယ်ပွင့်

မန်ယူအသင်းကပ္ပတိန်မက်ဂွိုင်းယားကတော့ လာမယ့်ရာ သီမှာတော့ သူ့ရဲ့အသင်း ဟောင်းလက်စတာ အသင်းကို အငှားနဲ့ပြန်ဖို့ဆန္ဒရှိနေတယ်လို့ဆိုပါတယ်။

မက်ဂွိုင်းယား ဟာ မန်ယူအသင်းမှာတော့ ပုံမှန်ကစားခွင့် ရရှိရေးကို ခက် ခက်ခဲခဲရုန်းကန်နေရတာကြောင့်လည်း ပုံမှန်ကစားခွင့်ရရှိ နိုင်မယ့် အသင်းကိုပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတာဖြစ်ပါ တယ်။

လက်စတာအသင်းမန်နေဂျာ ရော်ဂျာကလည်း အသင်းနဲ့အ တူတစ်ချိန်က ခြေစွာခဲ့တဲ့ အသင်းရဲ ့ကစားသမား ဟောင်း ကိုပြန်လည်ခေါ်ယူသွားဖို့ စဉ်းစားနေတာလည်းဖြစ်ပါတယ်။ရော်ဂျာအနေနဲ့က အသင်းရဲခံစစ်ပိုင်းပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် မက်ဂွိုင်းယားကိုခေါ်ယူဖို့ စဉ်းစားထားတာလည်း ဖြစ်ပါ တယ်။

လက်ရှိသတင်းတွေအရတော့ မက်ဂွိုင်းယားကိုလာမယ့်နွေ ရာသီမှာခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်း ၆ သင်းရှိနေ တယ်လို့ဆိုပါတယ်။

ဒါပေမယ့် မြင့်မားတဲ့မက်ဂွိုင်းယားလုပ် ခကြောင့် အငှားထွက်ကစားဖို့ကတော့ ပိုပြီးအလားအလာ များတယ်လို့ဆိုပါတယ်။

မက်ဂွိုင်းယားအနေနဲ့ကလည်း ယူ ရို ၂ဝ၂၄ မှာ အင်္ဂလန်အသင်းနဲ့အတူပါဝင်ကစားခွင့်ရရှိနိုင်ရေးက ကလပ်အသင်းမှာပုံမှန်ကစားခွင့်ရရှိနိုင်ရေးနဲ့သက်ဆိုင်နေတာကြောင့် လာမယ့်နွေရာသီမှာတော့ အသင်းက နေ မဖြစ်မနေကိုထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။crd