နယူးကာဆယ်နဲ့ ပွဲမှာ အဆိုးရွားဆုံးခြေစွမ်းပြသခဲ့တဲ့ ယူနိုက်တက်ကြယ်ပွင့်
နယူးကာဆယ်ကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ စိတ်ပျက်စရာခြေစွမ်းပြသခဲ့သူဗက်ဟော့တ်ကို မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ ဝေဖန်အပြစ်တင်နေကြပါတယ်။
နယူးကာဆယ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ နည်းပြအဲရစ်တန်ဟက်ကဗက်ဟော့တ်ရဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးခဲ့ပြီး အပြီးသတ်ခေါ်ယူဖို့ရှိတယ်လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။
အဲရစ်တန်ဟက်က ဗက်ဟော့တ်ကို အပြီးသတ်ခေါ်ယူသွားဖို့ရှိပါတယ်။သူက ကျွန်တော် လိုချင်တဲ့ပုံစံအတိုင်းကစားနိုင်ပြီး အသင်းအတွက်လည်း အကောင်းဆုံးကူညီပေးနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလတုန်းက ယူနိုက်တက်ကို အငှားနဲ့ပြောင်းရွှေ့လာချိန်ကစလို့ ဗက်ဟော့တ်က ပွဲတိုင်း ပွဲထွက်ခွင့်ရရှိခဲ့ပြီးနယူးကာဆယ်နဲ့ပွဲမှာ (၁၉)ပွဲဆက် ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ဘဲ ဒုတိယပိုင်း(၆၂)မိနစ်မှာ မာစီယဲလ်နဲ့လူစားလဲခံခဲ့ရပါတယ်။
လူစားလဲမခံရခင် မိနစ်(၆၀)ကျော်အတွင်း ဗက်ဟော့တ်ဟာ ဘောလုံးထိချက် (၁၀)ကြိမ်သာရှိခဲ့ပြီးကာဆယ်ဂိုးသမားနစ်ခ်ပုတ်တောင် ဘောလုံးထိချက်(၁၅)ကြိမ်နဲ့ ဗက်ဟော့တ်ထက် ပိုများခဲ့ပါတယ်။
ပြီးခဲ့တဲ့နိုင်ငံတကာပွဲတုန်းကလည်း ဂိုးသွင်းခွင့်တွေကို ဖြုန်းတီးခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဗက်ဟော့တ်ကိုယူနိုက်တက်ပရိသတ်တွေကလည်း နောက်ထပ် သည်းမခံနိုင်တော့ဘဲ ရာသီကုန်ကျရင် ဗက်ဟော့တ်နဲ့ လမ်းခွဲဖို့ တောင်းဆိုနေကြပါပြီ။
ယူနိုက်တက်ပရိသတ်တွေက ‘ဗက်ဟော့တ်ကို ကျွန်တော် လေးစားမှုအပြည့်ရှိပြီးသူက အသင်းအတွက် တာဝန်ကျေအောင်ကစားနိုင်ပါတယ်။ဒါပေမဲ့ ဗက်ဟော့တ်ဟာ ယူနိုက်တက်လိုအသင်းမှာ ကစားနိုင်တဲ့ အဆင့်အတန်းမျိုးမရှိဘဲ သူ့ကို လေးစားတဲ့အနေနဲ့ယူနိုက်တက်အသင်းဟာ စာချုပ်သက်တမ်းကုန်ရင် ဗက်ဟော့တ်နဲ့ လမ်းခွဲလိုက်သင့်ပါပြီ’၊‘ဗက်ဟော့တ်ကစားတာကို ကြည့်တောင်မကြည့်ချင်တော့ဘူး’၊
ဗက်ဟော့တ်ဟာယူနိုက်တက်အဆင့်နဲ့ကိုက်ညီတဲ့ ကစားသ မားမဟုတ်ပါဘူး’၊‘ကျွန်တော် ဗက်ဟော့တ်ကို တကယ်ကြိုက်ပါတယ် . .ဒါပေမဲ့ သူ့ကို အပြီးသတ်ခေါ်ယူမယ့်ကိစ္စကိုတော့ သဘောမတူပါဘူး။
ဗက်ဟော့တ်ဟာ ကြိုးစားကစားလေ့ရှိပေမယ့် သူ့ရဲ့ အရည်အချင်းက ဒီလောက်ကြီးကောင်းတဲ့ ကစားသမားမဟုတ်ပါဘူး။ဆုဖလားအောင်မြင်မှုတွေ ရယူချင်တယ်ဆိုရင် အခုထက် ပိုကောင်းတဲ့တိုက်စစ်မှူး လိုအပ်နေပါပြီ’လို့ ဝေဖန်သုံးသပ်ခဲ့ပါတယ်။